ကိုယ့်လက်နဲ့ရေးခဲ့တဲ့ သမိုင်းတစ်ခုအတွက်
လှိုင်းထန်တော့မဲ့ အနာဂတ်ကို
မလိုချင်လဲ ရင်ဆိုင်ရတော့မယ်
တကယ်ဆို .. ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်ပဲ …
ကိုယ့်စိတ်နဲ့ အခြေခံခဲ့တဲ့ ရိုးသားမှုတစ်ခုအတွက်
ပြန်ဖျက်မရတဲ့ အတိတ်တွေကို
အရိပ်တွေနဲ့အတူ မှတ်ထားမယ်
တကယ်ဆို .. ကိုယ့်အားနည်းချက်နဲ့ ကိုယ်ပဲ …
ကိုယ်မမျှော်လင့်ခဲ့တဲ့ ထောင်ချောက်တွေအတွက်
ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို
မပျောက်ပျက်အောင် မှတ်တမ်းတင်ထားမယ်
တကယ်ဆို .. ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပဲ …
ဘယ်လိုအကြောင်းကြောင်းနဲ့မှ
ပြောင်းလဲလို့မရနိုင်တော့ပေမဲ့
စစ်မှန်ခဲ့တဲ့ ငါ့ရပ်တည်မှုတွေအတွက်
ဟန်ဆောင်ကမ်းခဲ့တဲ့ လက်တွေကို
တသက်စာ ငါ နှုတ်ဆက်လိုက်တယ် …
by ..DecemberCinderella
Saturday, January 31, 2009
ကိုယ်တိုင်ရေးမှတ်တမ်း
Friday, January 30, 2009
မျက်ဝန်းထဲမှာ ...
အိပ်မက်ဆိုတာ
စွဲလမ်းခြင်းကိုယ်စားပြု ပုံရိပ်တွေ တဲ့ ..
မင်းစိတ်နဲ့ အသက်ရှင်နေတဲ့ ဒီဘ၀အတွက်
အဲ့ဒီ မျှော်လင့်ချက်အရိပ်တွေရဲ့အောက်
တကောက်ကောက်လိုက်ရင်း ပျော်နေတတ်သူ ငါ ..
မင်းခိုးယူသွားတဲ့ အိပ်စက်ခြင်းတွေထဲ
မင်းနဲ့အတူ အမြဲပျော်မွေ့နေဦးမှာပါ ..
မျက်ဝန်းဆိုတာ
နှလုံးသားရဲ့ ပြူတင်းပေါက်တစ်စုံ တဲ့ ..
ယုံကြည်ခဲ့တဲ့ ချစ်ခြင်းတရားအတွက်
နူးညံ့တဲ့ အကြည့်တစ်ချက်ရဲ့အောက်
ဒူးထောက်ခစားရင်း ကျေနပ်နေသူ ငါ ..
မင်းဆောင်ကျဉ်းပေးခဲ့တဲ့ ရင်ခုန်သံရပ်ဝန်းထဲ
မင်းနဲ့အတူ အမြဲရှင်သန်နေမှာပါ ..
ချစ်သူရယ်
အတူနားလည်ခဲ့တဲ့ ဘာသာရပ်အတွက်
သက်သေတွေ မလိုအပ်သလို
အကြောင်းပြချက်တွေလဲ မရှိပါဘူး
တွဲလက်တစ်စုံ တသက်တာတည်မြဲဖို့
ပကာသနမဖက်တဲ့ ယုံကြည်ချက်တစ်ခုကိုသာ
ငါတို့နှစ်ယောက် တည်ဆောက်ကြအောင်ပါ …
by .. DecemberCinderella ( Memory of 28th January, 2009)
Tuesday, January 27, 2009
ကြယ်ပုံပြင်
ဒဏ္ဍာရီဆန်ဆန် ဆုံတွေ့မှုအတွက်
ကိုယ် သိပ်မြတ်နိုးခဲ့တဲ့ ဒီပုံပြင်ကို
အသက်လို တန်ဖိုးထားရင်း
မင်းရင်ခွင်မှာ ခိုနားရမဲ့တနေ့
မျှော်လင့်ချက်တွေကို ပွေ့ဖက်ရင်းစောင့်နေတာ ..
ငါတို့လက်နဲ့ ရေးခဲ့တဲ့
အဲ့ဒီ ကြယ်ပုံပြင်လေးအတွက်ပါ …
by ..DecemberCinderella
(သီချင်းခေါင်းစဉ်တွေ ယူသုံးနေမိတာ ခွင့်လွှတ်ပေးကြပါ။ ဒါပေမဲ့ ..R.ZarNi ရဲ့ ကြယ်ပုံပြင် ဆိုတဲ့ သီချင်းလေးက အခုတလော my favorite ဖြစ်နေလို့ပါ။)
Monday, January 26, 2009
မင်းပေးတဲ့ကမ္ဘာ
တဘ၀လုံးပေးဆပ်ပြီး ချစ်ခဲ့တာ
ဝေးရမဲ့ အဆုံးသတ်တွေအတွက်မှ မဟုတ်တာ
စတွေ့တဲ့ စာမျက်နှာတွေ
ဟိုမှာ .. တချက်လောက် ပြန်ငဲ့ကြည့်လိုက်ပါ ..
Chatting Phobia
ခံစားဖူးတဲ့ ဒီကောင်မလေးလေ ..
မျက်ဝန်းတစ်စုံက အကြည့်တချက်နဲ့တင်
အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ခဲ့သူပါ။
ရင်ခွင်တစ်စုံမှာ ခိုလှုံဖို့အတွက်
အရှုံးအမြတ် ထည့်မတွက်ခဲ့သူပါ။
အင်တာနက်သံယောဇဉ်အတွက်
အပြင်ကသူငယ်ချင်းတွေကို ဆန့်ကျင်ခဲ့သူပါ။
အရင်က နာကျင်မှုတွေအတွက်
မထင်မှတ်တဲ့ ကြင်နာမှုတွေကို တန်ဖိုးထားခဲ့သူပါ ။
မမျှော်လင့်တဲ့ တွေ့ဆုံမှုအတွက်
လှည့်ကွက်မပါတဲ့ ကံကြမ္မာကို ယုံကြည်ပေးခဲ့သူပါ။
ချစ်သူလေးရေ ..
“ငါ” ဆိုတဲ့ စကားလုံးတွေ
ရေလဲသုံးပြီး ကြီးပြင်းလာသူ ဒီကောင်မလေး
အခုတော့ .. မင်းပေးတဲ့ကမ္ဘာမှာ
မာနတွေဟာ မင်းရဲ့နောက်က
အတ္တတွေဟာ မင်းရဲ့နောက်က
ဆန္ဒတွေဟာ မင်းရဲ့နောက်က
“မင်း” နဲ့မှ .. ရှင်သန်ခြင်းရဲ့အဓိပ္ပါယ် နားလည်ခဲ့သူပါ ။
by ..DecemberCinderella ( For Memory of September'6)
Sunday, January 25, 2009
"ငါ" ပျောက်ဆုံးသွားခြင်း
ငါရေးသမျှကဗျာ
ဒီလိုသာ မင်းလိုက်ခံစားနေရင်
မပီပြင်ဝိုးတ၀ါး အတိတ်တွေအတွက်
မျက်မာန်တော် စူးရှခံရတဲ့ ဒီလက်မှာ
ကလောင်သက်တွေ သေဆုံးပါရစေတော့ ..
by ...DecemberCinderella
Saturday, January 24, 2009
ချစ်မိတဲ့ ငါ့ အပြစ် ...
ရင်မှာတစ်ယောက်
အပြင်မှာတစ်ယောက် …
ဘေးမှာတစ်ယောက်
အဝေးမှာတစ်ယောက် …
ခရီးမှာတစ်ယောက်
အနီးမှာတစ်ယောက် …
မဖောက်ပြန်ခဲ့သော်ငြား
လူသားထဲက လူသားတစ်ယောက် ငါ ..
ခံစားချက်တွေက စာသားအဖြစ်
အသွင်ပြောင်းလဲသွားမှုကိုတော့
ဘယ်လိုမှမထိန်းချုပ်နိုင်သေးတာ
ကလေးရယ် .. ငါ့အပြစ်ပဲ ထားလိုက်ပါ ။။။
by ..DecemberCinderella
ငါတစ်ယောက်တည်း ဒီဇင်ဘာညတွေထဲမှာ ...

ချစ်သူရေ ..
အဲ့ဒီနေ့က
မြင်နေကျအရာတွေ
ဒီအတိုင်းပဲ မပြောင်းလဲပေမဲ့
ဒဏ်ရာဟောင်းတွေ စွန့်ပစ်မှုအတွက်
ငါ့ဘ၀ထဲ ကွက်လပ်တစ်ခုဖြစ်ခဲ့တယ် ….
ချစ်သူရေ ..
အဲ့ဒီနေ့က
လျှောက်ရမဲ့လမ်းတွေ
ဒီလိုပဲ ကြမ်းတမ်းဦးမှာသိပေမဲ့
အစွဲအလမ်းတွေကို ကြောက်စိတ်အတွက်
ငါ့အိပ်မက်ထဲက အရိပ်တစ်ခုကို ဇွတ်မေ့ခဲ့တယ် ….
ချစ်သူရေ ...
အဲ့ဒီနေ့က
ရခဲ့ဖူးတဲ့ သံယောဇဉ်တွေ
တပ်မက်ခုံမင်နေဆဲဖြစ်ပေမဲ့
အရင်ကထက် ဘာမှမထူးခြားမှုအတွက်
ငါ့သိက္ခာစတေးပြီး နှလုံးသားကို သစ္စာဖောက်ခဲ့တယ် …
ချစ်သူရယ် ..
အဲ့ဒီနေ့ကစလို့
ငါလဲ စိတ်နဲ့ခန္ဓာ ကင်းကွာသွားခဲ့တာပါပဲ ….
by ..DecemberCinderella
Friday, January 23, 2009
Nothing Special, Just reminding myself !!!
Nothing special, Just sharing the last phrases from the forwarded mail from one of my beloved friends ..
Watch your thoughts: they become words.
Watch your words: they become actions.
Watch your actions: they become habits.
Watch your habits: they become character.
Watch your character: it becomes your destiny.
အကြိုက်ဆုံးက "ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို သတိထားကြည့်ပါ။ အဲ့ဒါတွေဟာ အမူအကျင့်တွေဖြစ်လာပါတယ်" ဆိုတဲ့ တတိယ စာကြောင်းလေးပါပဲ။
by .. DecemberCinderella
Thursday, January 22, 2009
ကာရံမဲ့ ရှင်သန်ခြင်း
ဘာတွေလဲ
ခြေရာတွေ လာမရှုပ်နဲ့
ဘာမဟုတ်တဲ့ မပြည့်ဝမှုတွေကို
အပိုတွေဖြေရှင်းချက်ထုတ်ဖို့
ငါရပ်တည်နေတာမဟုတ်ဘူး
တစ်ခုပဲပြောလိုက်မယ်
အရူးအပေါ အထာတွေနဲ့
ငါ့မြေမှာ ခြေလာချဖို့
မပြည့်ဝသူတွေကို ဖိတ်ခေါ်မထားဘူး ။
ခပ်ချော်ချော်အတွေးတွေအတွက်
သိတတ်ရင် နောက်ပြန်လှည့်
ငါ့ဘက်ကတော့
တန်ဖိုးရှိတဲ့စာပေကို
ဝါသနာအမွေနဲ့ ဖန်တီးထားတာ
အရေအတွက်များဖို့ မဟုတ်ဘူး
Comment တွေ စည်ကားဖို့မဟုတ်ဘူး ။။
ဝါသနာတူချင်းမို့
မေတ္တာရှေ့ထား မှာကြားပါရစေ
ဆိုလိုရင်းကို မခံစားတတ်ရင်
ထင်မြင်ချက်တွေမပေးပါနဲ့
ခြေရာတွေလဲ မချန်ပါနဲ့
ငါ့ကမ္ဘာအတွက် ကြေငြာချက်မလိုပါဘူး
စိတ်ဓါတ်ပြည့်ဝစွာ ခံယူတတ်ဖို့ပဲလိုတယ် ။။။
သူငယ်ချင်း ...
တကယ်လို့များ မင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ရင်
တိတ်တိတ်လေးပဲ ပြန်သွားစေချင်တယ် ။။။။
by ..DecemberCinderella
(Ref: နည်းမှန်လမ်းမှန်ရှင်သန်ဖို့/ ဆောင်းပါး)
Wednesday, January 21, 2009
To Some1 who love Another1
ကျွန်မမှာ အကျင့်ဆိုးတစ်ခုရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ (အသက်ရွယ်တူချင်း၊ ကံအကျိုးပေးပုံချင်း၊ အခြေအနေချင်းတူခဲ့ရင် .. ) အဲ့ဒီလူ တစ်ယောက်က ကျွန်မထက် ပိုထက်မြက်၊ ပိုတော်နေခဲ့တာမျိုး ဘယ်တော့မှအဖြစ်မခံပဲ သူနဲ့ ယှဉ်ပြိုင်တတ်ခြင်းပဲ။ သူကတော့ မသိဘူးပေါ့။ ကိုယ့်အရည်အချင်းတွေ သူနဲ့ယှဉ်နိုင်အောင် ကိုယ်ကသာ တဖက်သတ် ကြိတ်ကြိုးစားနေတတ်တာမျိုး။ အခုတော့ အဲ့ဒီအကျင့်ဆိုးက (ဟိုတလောက) online မှာ Ex.Boyfriend နဲ့ ပြန်တွေ့ပြီး စကားပြောရာကနေ ပြန်ပေါ်လာပြီထင်ပါရဲ့ ... ဖြစ်ပုံက ဒီလို ..
သူကစပြီး နှုတ်ဆက်တုံးကတော့ English လိုပဲ စပြောတာပဲ။ နောက် တစ်ကြောင်းနှစ်ကြောင်းဆက်ရိုက်တော့ Spanish တွေ ပါလာရော။ Spanish ကို သဘောကျလို့ Basic ကို ၂လလောက်လေ့လာခဲ့တဲ့ ကျွန်မ သူဘာတွေရေးနေတယ် ဆိုတာ နည်းနည်းတော့ သိပေမဲ့ ဘာလို့ Spanish ကိုသုံးနေတာလဲဆိုတာတော့ နားမလည်ဘူးဖြစ်နေတယ်။ သူက French Guide လေ။ ဘယ်ကနေ Spanish က ပါလာရတာတုံး .. အဲ့ဒါနဲ့ မနေနိုင်ပဲ 'ဟဲ့ နင်က ဘာလို့ Spanish နဲ့ ပြန်ဖြေနေရတာတုံး' လို့မေးတော့ " ဟင် .. မင်း Spanish ကို ဆက်မလုပ်ဘူးလား" တဲ့ ...
သေစမ်း .. အဲ့ဒီမှာတင် ကိုယ်က သိလိုက်ပြီ။ သူ Spanish ကို စလေ့လာနေပြီဆိုတာ။ ရန်ကုန်မှာကတည်းက ချစ်သူတွေသာဖြစ်တာ .. စိတ်ကကြိတ်ပြိုင်နေတတ်တာ။ သူ့ဘက်က ဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကပါ။ YUFL မှာ English Diploma တက်ရင်း ခင်ခဲ့တဲ့ သူနဲ့ နောက်ပိုင်းချစ်သူတွေ ဖြစ်သွားတော့ သူ့ရဲ့ French Guide ဆိုတဲ့ အနေအထားတစ်ခုကိုတော့ ကိုယ်မယှဉ်နိုင်ပေမဲ့ (First Degree က အင်္ဂလိပ်စာ အဓိက ယူခဲ့တဲ့ သူနဲ့) English မှာတော့ ယှဉ်နိုင်ခဲ့ပါတယ်။ သူမသိတာ၊ ကိုယ်မသိတာ ဖလှယ်ရင်းနဲ့ တခါတလေ နှိပ်ကွပ်လိုက်ကြ၊ တခါတလေ အချင်းချင်း ပြန်မြှောက်ကြနဲ့ ... ကျွန်မတို့ နှစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက် AIIZ သိတဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးတယ်။
သူ အဲ့လိုမေးလိုက်ခါမှပဲ ကျွန်မလဲ အလင်းဝင်လာသလိုပဲ ။ အခု စင်္ကာပူကိုရောက်တာ ၁နှစ်ပြည့်တော့မယ်။ (အရင်ကဆို ကိုယ့်အတွက် အကျိုးရှိမယ်၊ လိုအပ်မယ်ထင်တဲ့ သင်တန်းမှန်သမျှကို Weekends အချိန်တွေမှာ အပြေးအလွှား တက်ရင်း မှန်ကန်စွာ အသုံးချခဲ့တာ)။ အခုကြည့်စမ်း ... ငါ ဘာတွေ တိုးတက်ခဲ့လို့လဲ ။ English မှာ Vocabs တွေ နည်းနည်းပိုသိလာတာရယ်၊ Business letter writing နည်းနည်းကောင်းလာတာရယ်ကလွဲရင် .. Singlish နဲ့ Pronunciation တွေက ဆိုးမှဆိုး .. ကိုယ့်ဘာသာတောင်ရှက်တယ်။
ကဲ .. ဘယ်လိုလုပ်မလဲ .. နောက်ငါးနှစ်နေရင် မြန်မာပြည်မယ်လို့ အမြဲရည်ရွယ်ထားတဲ့ ကျွန်မ .. ၅နှစ်ပြီးတော့ရော ..ဒီမှာ ဘာတွေ တိုးတက်မှာမို့လို့လဲ .. သူက .. ကျွန်မ ပြန်မဲ့အချိန်ဆို .. နဂိုရပြီးသား French ကိုလဲ Native တစ်ယောက်နီးပါး ပြောနိုင်လိမ့်မယ်။ ပြီးတော့ linguist သိပ်ဖြစ်တဲ့သူက အခုလုပ်နေတဲ့ Spanish ကိုလဲ အနှေးနဲ့အမြန်ဆိုသလို ပြောနိုင်တော့မှာ။
ကျွန်မအတွက် နည်းလမ်းတစ်ခုပဲရှိတော့တယ်။ Spanish ကို ပြန်လုပ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ အခုလက်ရှိကုမ္ပဏီကလဲ ဂျပန်ကုမ္ပဏီဆိုတော့ အရင် နှစ်နှစ်ခွဲလောက် အားသွန်ခွန်စိုက်လေ့လာခဲ့တဲ့ ဂျပန်စာကို Brush up ပြန်လုပ်လိုက်ရင် .... ကျွန်မအတွက် အကောင်းဆုံးပဲ။ (အလွန်အင်မတန်မှ ကံကောင်းပြီး ရုံးက ဂျပန်လေးဘာလေး လွှတ်လိုက်မယ်ဆိုရင်) အနည်းဆုံးတော့ ကျွန်မ Communication အဆင်ပြေမယ် ။ ကဲ .. တွေဝေမနေနဲ့ Cinderella .. သူက နင့်ထက်ပိုတော်သွားရအောင် သူလဲ အရာရာအဆင်သင့် ဘ၀ကနေဖြစ်သွားတာမဟုတ်ဘူး။ သူ့အရည်အချင်းကို ဓါးသွေးသလို သွေးနေရာကနေ ပိုထက်မြက်နေတာ .. Wake up ..Cinderella!
၂၄နာရီလုံး အသုံးချလို့ရနေတဲ့ Power Supply နဲ့ Internet က နင့်ကို Blog Addict တစ်ယောက်အဖြစ်ကို Promotion ပေးပေမဲ့ ဘ၀အတွက် နင့်ရဲ့ Growth ကို Measurement လုပ်တဲ့အခါမှာတော့ ဆယ်ခါပြန် Demotion ပေးလိမ့်မယ်။
Cinderella's man ရေ .. နင်ဖတ်ဖြစ်မှာမဟုတ်တဲ့ ဒီ post ကနေ .. ငါ နင့်ကို လေးလေးနက်နက်ကျေးဇူး တင်လိုက်တယ်ဟာ .. နင်မှတ်မိဦးမယ်ဆိုရင် .. တခါတုံးက စကားအမှားလေးတစ်ခုပြန်ပြောချင်တယ် ..
" ငါတို့နှစ်ယောက်အတူနေရရင် အ၀တ်လျှော်၊ ထမင်းချက်ဆိုတဲ့ အိမ်မှုကိစ္စ နင်လုပ်မှာလားဟင်" လို့ ငါကမေးတုံးက နင်က "အေး .. အဲ့ဒါတွေ ငါလုပ်မယ် .. အခု ငါရှာနေတဲ့ တစ်လ၀င်ငွေ ဒေါ်လာ ၁၅၀၀ လောက်ကို မင်းရှာနိုင်အောင်ကြိုးစား" လို့ ပြန်ပြောတဲ့အချိန်မှာ .. ငါက " ငါ တစ်လ ဒေါ်လာ ၁၅၀၀ ရှာနိုင်ရင် နင့်ကို မလိုအပ်တော့ဘူး ..သိလား" လို့ လွှတ်ခနဲ ပြောလိုက်မိတယ်။ အဲ့ဒီအချိန်မှာ ..
ဖြစ်သွားတဲ့ နင့်မျက်နှာအပြောင်းအလဲတစ်ခုကို ငါ .. ခုထိမမေ့ဘူး။ အဲ့လို စကားတွေ ခဏခဏ အလွန်အကျွံဖြစ်ပြီး မှားတတ်တဲ့ ငါလေ.. အခုထိ အမှားများစွာလုပ်ဆဲပါပဲ .. ( အခု ဒေါ်လာ ၁၅၀၀ ရှာနိုင်ပြီဖြစ်ပေမဲ့လဲ နင့်ကို ခဏခဏသတိရနေသေးတာတော့ အမှန်ပဲ)
By .. DecemberCinderella ( to someone who love another one)