ကိုယ့်လက်နဲ့ရေးခဲ့တဲ့ သမိုင်းတစ်ခုအတွက်
လှိုင်းထန်တော့မဲ့ အနာဂတ်ကို
မလိုချင်လဲ ရင်ဆိုင်ရတော့မယ်
တကယ်ဆို .. ကိုယ့်မိုက်ပြစ်နဲ့ ကိုယ်ပဲ …
ကိုယ့်စိတ်နဲ့ အခြေခံခဲ့တဲ့ ရိုးသားမှုတစ်ခုအတွက်
ပြန်ဖျက်မရတဲ့ အတိတ်တွေကို
အရိပ်တွေနဲ့အတူ မှတ်ထားမယ်
တကယ်ဆို .. ကိုယ့်အားနည်းချက်နဲ့ ကိုယ်ပဲ …
ကိုယ်မမျှော်လင့်ခဲ့တဲ့ ထောင်ချောက်တွေအတွက်
ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို
မပျောက်ပျက်အောင် မှတ်တမ်းတင်ထားမယ်
တကယ်ဆို .. ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပဲ …
ဘယ်လိုအကြောင်းကြောင်းနဲ့မှ
ပြောင်းလဲလို့မရနိုင်တော့ပေမဲ့
စစ်မှန်ခဲ့တဲ့ ငါ့ရပ်တည်မှုတွေအတွက်
ဟန်ဆောင်ကမ်းခဲ့တဲ့ လက်တွေကို
တသက်စာ ငါ နှုတ်ဆက်လိုက်တယ် …
by ..DecemberCinderella
Saturday, January 31, 2009
ကိုယ်တိုင်ရေးမှတ်တမ်း
Subscribe to:
Post Comments (Atom)
2 comments:
ဟုတ်ပါ့ဗျာ ကိုယ်ဖြစ်ကိုယ်ခံရမှာပဲ ဒီတော့ ဖြစ်သမျှအကောင်းချည်းလို့ မှတ်ပြီး ရဲရဲသာရင်ဆိုင်လိုက်ဗျာ။
ကဗျာလေးကောင်းတယ် ဖတ်ရှုခံစားသွားပါတယ်ဗျာ။
တကယ်ဆို .. ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပဲ …
Post a Comment