Monday, August 4, 2008

ကောင်ကလေး

ဒီမှာ ဘာလုပ်လုပ် စိတ်ကိုမဖြောင့်.
စိတ်က သူ့ ဖုန်းမြည်တော့မလား စိုးတနှောင့်နှောင့်..

ရေချိုးလည်း ရေချိုးခန်းထဲမှာ ဖုန်းစောင့်
စာဖတ်လည်း နားဝစွင့် အာရုံနှောက်..

တီဗွီ ထဲကဖုန်းသံကြား ကိုယ့် ဖုန်းလား ပြေးလို့ကောက်
ထမင်းစားလည်း မဖြောင့်

အတွေးများလည်း..ခပ်နောက်နောက်
သူများလေ..ကိုယ့်ကို စိတ်များကောက်..

တစ်ညနေလုံး..ဖုန်း စောင့်
သန်းခေါင်သာစုတ်စုတ်..သူ့ ဖုန်းသံက ..မတုန်မလှုပ်..

သူငယ်ချင်း တွေဖုန်းခေါ်တောင်..အလုပ်များလို့ ဆိုပြီး..အော်ထုတ်
သူ့ အတွက် ကိုယ့်ဖုန်းလိုင်း.. အမြဲအားနေအောင်လို့ 

အိပ်ချိန်ကျော်သွားလည်း..ဖုံးက တိတ်ဆိတ်မလှုပ်
အင်း.. သူငယ်ချင်း တွေကြား ရှက်လို့ များ သူ မခေါ်အား
အကောင်းဖက်တွေး ကိုယ့်ဖာသာ အဖြေထုတ်..

ကျွဲမြီးတို စိတ်ကလေး က ခေါင်းထောင်ထ..
ရန်များ လာလုပ်..

သူဘာများ ဖြစ်သလည်း
တွေးမိတိုင်း ကိုယ်လေ..ပူပန်းရုပ်..

အိပ်တာတောင် စိတ်ကသိပ်မဖြောင့်..
စိုးနှောင့်ဗျာပွေ သူဆီဘဲစိတ်ရောက်..

မခေါ်နိုင်ဘဲ နောက်တခါ ဂတိပေးတာမျိုး..
မုန်းတယ်တအား..ကိုယ်လေသပိတ်မှောက်..

နောက်တစ်ခါ ဖုံးမခေါ်နဲ့  မပြောချင်ဘူး..
မာမာထန်ထန်လေး သူ့ ကို ဟောက်..

ဒုတ်ကောက်လာခဲ့ ကောင်ကလေး
လာချော့မလား ဒီမှာလေ ကျမစိတ်ကောက်။

No comments:

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */