မငိုပါနဲ့ ကလေးရယ်
မငိုပါနဲ့ကလေးရယ်
ခက်ခဲမယ်ထင်တဲ့ ဒီလမ်း
တို့တွေအတူဖြတ်သန်းခဲ့ပြီးပြီ
လမ်းတ၀က်ရောက်မှ
ထင်တာထက်ပိုခက်ခဲမှန်းသိရလဲ
ဇွဲမလျှော့စတမ်း ရင်ဆိုင်ကြေး
ကတိပေးပါလား ကလေးလေးရယ် ....
နေမင်းကြီးကွယ်သွားပါပကောလို့
မင်းမျက်ရည်ကျနေမယ်ဆိုရင်
ကြယ်လေးတွေလင်းလက်နေတာကိုလဲ
ပြတ်သားစွာဘယ်မြင်ရတော့မလဲ .....
ဒီမှာ
ကမ်းထားတဲ့လက်တစ်စုံရှိတယ်
လိုအပ်ရင် ဆုပ်လိုက်ပါ
မလိုအပ်ရင် ပုတ်လိုက်ပါ
တခါတလေ
အလိုလို ကျလာတဲ့မျက်ရည်တွေအတွက်တော့
ငါ့လက်ပေါ်က တစ်ရှုးတစ်စ
မင်းအသုံးချခံရဖို့ စောင့်နေလေရဲ့ ......
(SG မှာ အတူတူအလုပ်ရှာ
အတူတူရင်မောခဲ့ကြတဲ့ အိမ်မှာ အတူရှိတဲ့
မောင်လေးတစ်ယောက်က
မနေ့က သူ့အိမ်နဲ့ ဖုံးပြောအပြီး
ထမင်းစားရင်း မျက်ရည်ဝဲနေတာကိုတွေ့တာနဲ့
ရင်ထဲမှာ ဆို့နင့်နင့်ဖြစ်ပြီး
ဒီကဗျာလေးဖန်တီးဖြစ်သွားတယ် ...)
Thursday, August 7, 2008
မငိုပါနဲ့ကလေးရယ်
Subscribe to:
Post Comments (Atom)
1 comment:
Thanks ever so!
Post a Comment