လမ်းတွေပေါ်
လမ်းလျှောက်နေဆဲ
နွမ်းကြွေ နေတဲ့ နှလုံးသားတစ်စုံနဲ့
လှမ်းလာချင်လည်း
လှမ်းဝေးလွန်းတဲ့ ဘ၀တွေကြောင့်
လမ်းတစ်ဝက် မှာပဲ နေခဲ့ပါ့မယ်
ချစ်သူ.....။ ။
လှမ်းလို့ မခေါ်နဲ့တော့
အနမ်းမိုး တွေရွာခဲ့ဘူးတဲ့
ဟိုးအရင်က အတိတ်မှာပဲ
ငါတစ်ယောက်တည်း...
တိတ်ဆိတ်စွာ နေခဲ့ပါ့မယ်
ချစ်သူ.....။ ။
by nyinyist
Thursday, August 14, 2008
ဆန္ဒ တစ်စုံ
Subscribe to:
Post Comments (Atom)
1 comment:
ညီညီရေ ...
ဘယ်လိုလုပ်မလဲ ..မင်းကဗျာကြောင့် ငါ အတိတ်တွေကို သတိရသွားပြီ .. ငါ့ရဲ့ ကလေးလေးက စိတ်မကောင်းဖြစ်တော့မှာပဲ ...
Post a Comment