သူ ..အနားမှာမရှိခြင်းဆိုတဲ့
ကွက်လပ်တစ်ခုဟာ
ဝေးကွာနေတဲ့ နှလုံးသားတစ်စုံရဲ့
အကြွင်းမဲ့ချစ်ခြင်းတွေကို
ပိုပြီးပြည့်စုံလာစေသတဲ့ ....
ချစ်သူလေးရယ်
ဘယ်အချိန်တွေမှာဖြစ်ဖြစ်
ခဏကလေးသတိရလိုက်ရုံနဲ့
နွေးထွေးတဲ့ ကြင်နာမှုတွေဟာ
ဘေးမှာလာပြီး အားပေးနေတာလောက်
ထိရောက်မှုမရှိခဲ့ဘူးလို့ ဆိုရင်တောင်
ဟန်မဆောင်နိုင်အောင် ချစ်ခဲ့ကြတဲ့
မင်းနဲ့ငါအတွက်တော့
တသက်စာလေးနက်မှုတွေပါ ...
Absence make our hearts grow fonder.
by ..DecemberCinderella
Tuesday, August 12, 2008
ကွက်လပ်ဆိုတာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment