ဟိုတုံးက
ချစ်သူ အိမ်ကပြန်သွားတိုင်း
ကျောခိုင်းသွားတဲ့ သူ့ကို
အမြဲငေးကြည့်နေခဲ့ဖူးတယ် ..
ကိုယ်ကြည့်နေမယ်ဆိုတဲ့ အသိနဲ့
သူပြန်ငဲ့ကြည့်တိုင်းမှာ
အမည်မသိတဲ့ ဝေဒနာတွေကျန်ရစ်ခဲ့တယ် ....
အခု ...
အိမ်ပြန်ချိန်တွေတိုင်းမှာ
ကျောခိုင်းသွားတဲ့ ကိုယ့်ကို
သူငေးကြည့်နေဦးမယ်ဆိုတာ သိပေမဲ့
နည်းနည်းမှ ပြန်မငဲ့ကြည့်ခဲ့ဘူး ...
အခုအချိန်ထိ ကိုယ်မသိတဲ့ဝေနာတစ်မျိုး
သူ့ကို ..မပေးရက်ခဲ့ပါဘူး ...
ချစ်သူရယ် ...
အဲ့ဒီလို နားမလည်တဲ့ ခံစားချက်တွေနဲ့
လှည့်မကြည့်ဖြစ်ခဲ့ပေမဲ့လဲ
ငါ့ရင်ထဲ .... မင်းက ....အမြဲနေရာရခဲ့သူပါ
by DecemberCinderella
Monday, August 25, 2008
ဆိုင်သူသိတဲ့ အချစ်
Subscribe to:
Post Comments (Atom)
1 comment:
လာဖတ်သွားတယ်နော်...
Post a Comment