" ငါ့ကောင်းကင်မှာ
အလင်းမဲ့နေတာ ကြာပြီလို့" ဆိုသူရေ ....
တနေရာစီဝေးကွာနေလဲ
ရင်ထဲရှိတဲ့ ခံစားမှုတွေ
ထင်ကျန်နေသရွေ့တော့
မေ့ဖို့ကြိုးစားသည်ဖြစ်စေ
မကြိုးစားပဲ မေ့ခဲ့သည်ဖြစ်စေ
အမှတ်တရတွေများစွာအတွက်
တခါတလေလဲ သတိရနေဆဲပါ ....
'သူ ...ဘယ်ကိုပဲရောက်လို့နေနေ
မေ ...ဘယ်မှာပဲရှိလို့နေနေ
ရင်မှာ ...တူမကွာအမြဲအချစ်ရှိနေရင်
ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ' ဆိုတဲ့
ဖြူသီရဲ့ သီချင်းလေးကိုကြားတိုင်း
မခိုင်းပဲ ကျလာတဲ့ မျက်ရည်တွေကြားမှာ
အတိတ်က ပုံရိပ်များစွာက
နည်းနည်းလေးမှေ၀၀ါးမနေပဲ
ပြတ်သားစွာထင်ဟပ်နေဆဲဆိုတာကို
မင်းသိအောင် ဘယ်လိုဖွင့်ပြောရမလဲဟင် .....
by ..DecemberCinderella
Tuesday, August 12, 2008
မိုင်ပေါင်းကုဋေမှ လမ်းပြကြယ်သို့
Subscribe to:
Post Comments (Atom)
1 comment:
သီးချင်း သံလေးတွေ နားထဲ မှာ အမြဲ ပျံလွင့်နေဆဲပါ.. အချိန်းတိုင်းမှာ သတိရဖို့ ဒီ သီချင်းလေးတွေ က ကူညီပေးနေလေရဲ့ ...
Post a Comment