ချစ်သူ ....
စိတ်တူကိုယ်တူ
ဖေးမကူလို့
အတူလျှောက်ဖို့ ရည်ရွယ်တဲ့လမ်း
ခရီးကြမ်းတစ်ခု ဖြစ်စေဦး
တွေဝေမနေဘူး မင်းအချစ်နဲ့
ဘ၀သစ်တစ်ခု တည်ဆောက်သွားမှာပါ ...
ချစ်သူ ....
ရင်ခုန်သံထပ်တူ
ကြည်ဖြူစွာချစ်ခဲ့တဲ့ နေ့တွေအတွက်
မလိုအပ်ဘူး အတိတ်တွေ
နေခဲ့တော့ အနာဂတ်နဲ့
ငါတို့ရဲ့ ပစ္စုပ္ပန်မှာ
ငါတို့နှစ်ယောက်ပဲ လိုတယ်
မဆိုင်တာတွေကို မတွေးကြေး
တို့မဝေးဘူးလို့ ယုံမယ်နော် ....
by ...DecemberCinderella
Friday, August 29, 2008
ချစ်သူ ...သို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment