Wednesday, August 13, 2008

မိုးသံတွေ ကြားက အလွမ်းနဲ့ ချစ်သူ

မိုးလုံးမှိုင်းမှိုင်း..တိမ်တံတိုင်းဝေေ၀..
ထွဋ္ဋ်ထွဋ္ဋ်မွတ်မွတ်..တိမ်ဂွမ်းဆိုင်အခြေ..
ညိုရောင်မိုးသား…ပြိုတော့မယ်.. ကောင်းကင်ယံမှာလေ

လျှပ်ပန်းသွယ်တန်း..ချုန်းချိမ့်ချိမ့် မြည်စေ..
ရွာကျမိုးရည်. ပုလဲပန်းတို့ စွေစွေ..
လွမ်းတသိမ့်သိမ့်..အေးစက်လေပြည်
ဖော်မဲ့တကိုယ်ရည်။.
ရင်၌ဆွေးပူ…
ချစ်သူရေ.. မင်း ဘယ်မှာလဲလေ..

ညှိုးရက်မိုးသား ရက်စက်အား ပြီလေ...
ဇွဲနဘဲ သဲသဲမဲမဲ ရွာကျ မိုးစွေစွေ..
တိမ်သားနုတွေ.. ကြွေတော့မယ်.. တောနဲ့ တောင်စွယ်ချေ



လေပြင်းဆော့မြှု…စိမ်းမြရွက် မြေကြွေ
စိုရွဲမိုးရေ..ညှိုးရက်အားပါပေ.
အေးတစိမ့်စိမ့် .နွေးထွေးမဲ့သူ မရှိသော
ကိုယ်လေ..
ကြင်နာပွေ့ ယူ
နားလည်သူရေ..မင်းဘယ်မှာလဲလေ

(တပြည်စီဝေး တဲ့ ချစ်သူ..
ဒီ ရင်မှာ.. တမ်းတမ်းတ မီးလို ဆူ..
လေပြေငယ်သွေး လို့  မေ့ မှာ ရင်ပူ..
ပင်လယ်တွေ.အဝေးက..ချစ်ရ သူ့..
အားငယ်သူကို မိုးဝသာန်က ကလူ)

(တနယ်စီဝေးလည်း လွမ်းပါနော် သူ
ယုံကြည်ပါ ကိုယ့် ရဲ့သစ္စာကို ယူ..
နေခြည် လင်းလက် နေသစ် ဖြူဖြူ
ရည်မျှော်နေ တနေ့ နေ့ ဒို့ အတူတူ
နေမယ်နော်… ချစ်ရတဲ့ သူ)

by ... my love

1 comment:

Anonymous said...

ဒီ' မိုးချိန်းသံတွေ နဲ့ အတူ.... အတူတူနေနိုင်အောင် ကြိုးစားပါစို့ နော်.. ချစ်တဲ့...ကောင်လေး..

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */