Saturday, August 9, 2008

စကားတွေ အများကြီးမလိုဘူး

စကားတွေ အများကြီးမလိုဘူး
လုပ်ဆောင်ချက်တွေ အများကြီးမရှိဘူး
အမြဲတမ်းမြင်နေရမှ မဟုတ်ဘူး
ဘာတွေနဲ့မှ အတင်းအဓ္ဓမ မဖန်တီးနိုင်ဘူး
ဘာမှ မသိလိုက်ခင်မှာ သူဝင်လာခဲ့တယ်
ဘယ်လိုမှ ပြင်ဆင်ချိန်မရပဲ အရှူံးပေးလိုက်ရတယ်....

သူဟာ နူးညံ့မှုတွေပေးတယ်..
သူဟာ ခံစားမှုတွေ ကို သယ်ဆောင်လာတယ်..
သူဟာ မျှော်လင့်ခြင်းတွေ ကို ရှင်သန်စေတယ်..
သူဟာ အနာဂတ် အိမ်မက်တွေ ကို လှပစေတယ်..
တခါတလေ သူဟာ ....
ပြောင်းပြန် ခံစားမှုတွေကိုလည်း ပေးတတ်တယ်
သူ ဟာ အရမ်းနူးညံ့ပြီး လွတ်လပ်လွန်းပါတယ်....

ဒါပေမဲ့ သူကို
'ယုံကြည်မှု' 'နားလည်မှု' 'စာနာဖေးမမှု' တွေနဲ့
ရောစပ်သီကုန်းလိုက်တဲ့ အခါ ...
'ကဲ'
အဲဒီတေးသွားကို ဒို့နှစ်ယောက် အတူတူ ဆိုကြရအောင်....။ ။

by nyinyist

1 comment:

Anonymous said...

Nyi Nyi

expressing our feelings in a very romantic and poetic way is good for us ..especially who loves poems, right. Please come and share ur poems @ my site as much as u want.

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */