ငါ...
ငါ မဟုတ်တော့တဲ့ နေ့ရက်များစွာမှာ
'မင်း' ကို ရှာဖွေတွေ့ရှိခဲ့တယ် ..
ကောင်ကလေးရယ်
အနားက ဘယ်မှမသွားပါနဲ့လို့
ပြောဖူးတဲ့စကားတွေက
မင်းကို အရာမရောက်စေခဲ့ဘူးလားဟင် ....
ည...
အဓိပ္ပါယ်မပီပြင်တဲ့ ကာလတွေမှာ
မသိမသာရောက်လာတဲ့
မင်းအကြောင်းအိပ်မက်တွေနဲ့
မျှော်လင့်ချက်တို့ အသက်ဝင်လာမှ
ငါ့ကို ..ထားခဲ့တော့မယ်တဲ့လား ....
အဲ့ဒီအတွက် ..တကယ်လို့များ
တားခွင့်ပေးမယ်ဆိုရင်တောင်
ကောင်ကလေးရယ် ..
မင်းရွေးချယ်တဲ့ လမ်းတစ်ခုက
ငါတို့ရဲ့ အိပ်မက်တွေကို
ပိုလှပသွားစေမဲ့ အနာဂတ်တစ်ခုလို့
မင်းနဲ့ထပ်တူ ယုံကြည်ရင်း
မနက်ဖြန်တွေကို ကျော်ဖြတ်သွားမှာပါ ....
By.. DecemberCinderella
Saturday, August 16, 2008
ယုံကြည်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment