ဒီနေ့ ဘာတွေကို စိတ်လေနေမှန်းမသိ လေနေတုံး သူငယ်ချင်းတစ်ယောက်ဆီက ဖုံးဝင်လာပါတယ်။ ဟိုတလောက Singapore လာရင်း အလုပ်ရသွားတဲ့ သူငယ်ချင်း ဒီရောက်နေကြောင်းလှမ်းပြောတာပါ ... မနေ့ကပဲ အလုပ် စဆင်းတော့ Sales က tension အရမ်းများတာပဲတဲ့ ...သူ့စကားကြားတော့ ကိုယ်က ရယ်ရင်း 'အစ်မရယ် .. အစ်မက Sales ကို Stress များတယ်လို့ပြောရင် သမီးက Purchasing လဲ အတူတူပါပဲလို့ ပြန်ပြောရမှာပဲလို့ ....
ကြာပါပြီ .. Monday to Friday က ရုံးထဲမှာ robotic life တွေကို တပိန်ပိန်တလိမ်လိမ်နဲ့ ဖြတ်သန်းလာတာ .. အကြောင်းမသိတဲ့ သူငယ်ချင်းတစ်ယောက်က 'Singapore မှာ အလုပ်တစ်ခုရသွားတာနဲ့ မြောက်မနေနဲ့' လို့ ပြောတာနဲ့ မသိတတ်လိုက်လေခြင်းဆိုပြီး block လုပ်ပစ်လိုက်တယ် ..ဒီမှာ တစ်လတစ်လ (pay slip ရပြီး အိမ်ကို ပိုက်ဆံပြန်ပို့ရတဲ့ တစ်ရက်ကလွဲရင်) ကျန်တဲ့နေ့ရက်တွေဟာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မဟုတ်တဲ့ အချိန်တွေကို ဖြတ်သန်းနေရတယ်ဆိုတာ .....သူတို့နားမလည်ဘူး ...ဒီကိုလာပြီး ခံစားစေချင်တယ် ..
နောက်ထပ်သူငယ်ချင်းတစ်ယောက်ကလဲ Online မှာတွေ့တာတောင် စကားကောင်းကောင်းမပြောတာကြာပြီ။ အဲ့ဒီလောက်ထိ ပြောင်းလဲသွားသလားတဲ့ ... ဘုရားရေ .. မပြောချင်လို့ ကိုယ်မျိုသိပ်ခံစားနေတဲ့ အကြောင်းအရာ တွေ၊ စိတ်ညစ်စရာကောင်းတဲ့ ဘ၀ပေးသင်ခန်းစာတွေကို ..ဒင်းတို့က နားထောင်ချင်သလား ....
ကဲ စိုင်းစိုင်းရေ ..."မင်းဘက်မှာရှိတဲ့ အယူအဆနဲ့ ငါ့ဘက်မှာရှိတဲ့ အယူအဆ ..." ဆိုတဲ့ နင့်သီချင်းလေးလိုပဲ ...
အယူအဆတွေကွဲလွဲတိုင်း ငါ block လုပ်ရရင်လဲ ငါ့ဘ၀ကြီး အထီးကျန်လို့ သေရချည်ရဲ့ ...
ဘယ်သူဘယ်သူ့ကိုမှ မနစ်နာစေချင်လို့ (ပက်သတ်နေတဲ့လူနှစ်ယောက်ကို အေးအေးဆေးဆေးလေး ရှင်းပြပြီး) သူတို့ဘ၀ထဲက ကိုယ့်ကို ထားခဲ့ခိုင်းလိုက်ပါတယ် ... "ပုံပြင်ထဲက Cinderella နဲ့တခြားစီပါ။ မင်းရဲ့ မျက်နှာဖုံးကို ခွာချလိုက်ပါ boykillers တဲ့" .... စိတ်မနာတဲ့အပြင် ကိုယ်က ရယ်ချင်သွားတယ် ..ကိုယ် အဲ့လောက်စွမ်းသလား ဆိုပြီး ..... ဘယ်နှယ့် ...တစ်ခါတွေ့ပြီး နောက်ထပ်နှစ်ခါ မြင်ချင်စရာမကောင်းတဲ့ ရုပ်ရည်ပိုင်ရှင်ကိုများ ... boykillers တဲ့ .. ဘယ်လိုပြောလိုက်ပါလိမ့် ..ကိုယ့်ကြောင့် သူမသေသေးလို့သာ သူဒီလို ကိုယ့်ကိုလှမ်းပြောနိုင် တာမဟုတ်ဘူးလား ...
ကိုကောင်းကင်ကို တစ်ခါရယ်စရာပြောဖူးတယ် ..' ကိုကောင်းကင်ရေ ..ကျွန်မကို သူငယ်ချင်းတစ်ယောက်က ပြောတယ် ..နင်က နောက်ကကြည့်ရင် ကြိုဆိုပါ၏။ ရှေ့ကကြည့်ရင် နှုတ်ခွန်းဆက်ပါ၏ .... လို့ပြောတယ် ဆိုတော့ ကိုကောင်းကင်က ရယ်လိုက်တာ ...
Museum ရေ... ပြောပါဦး.... အယူအဆတွေမတူညီတိုင်းသာ ငါတို့ရန်တွေဖြစ်ကြရင် ..ကမ္ဘ္ဘာပေါ်မှာ ဘာကြောင့် စစ်ပွဲတွေဖြစ်နေကြတာလဲ ဆိုတဲ့ အချက်ကို Analysis လုပ်နေစရာမလိုတော့ဘူးပေါ့နော် ....

2 comments:
အဖြေရှာရန်မလိုတဲ့...ကောင်းတယ်နော်.. စစ်ပွဲတွေ ဖြစ်ကြတာ က နားလည်မှု မရှိကြလို့ပါ။ နားလည်မှုဆိုတဲ့ အရာကို ရင်မှာပိုက် ငါ...ဆိုတဲ့ အတ္တ ကို ဖြုတ်ချ.. ဒီဟာ ငါပိုင်တယ် ဒီဟာ ငါ့ ဟာ အရာရာ မှာ ငါ ဖြစ်နေရင်တော့ စစ်ပွဲ ဆိုတာတွေ ဟာ အကြိမ်ကြိမ်ပေါ်လာမှာပဲ.. အားလုံးဟာ အစဉ်ပြေပြေနဲ့ နားလည်မှုတွေ ရှိရင် အားလုံးဟာ အစဉ်ပြေကြမှာပါ
ဖတ်သွားတယ်နော်။ အယူအဆ တွေ ကွဲလဲလည်း လူတွေ တစ်ယောက်ကို တစ်ယောက် ရန်မရှာပဲ အေးအေးဆေးဆေးနဲ့ နေနိုင်ကြရင် ကောင်းမယ်။
Post a Comment