'မောင်'
အရမ်းလွမ်းတာပဲ ..
အနားမှာအတူရှိခဲ့တဲ့ အချိန်တွေက
ဘာနဲ့မှ အစားထိုးမရအောင်
တန်ဖိုးကြီးမားလွန်းခဲ့တယ် ....
အဲ့ဒီနေ့ရက်တွေရောက်တိုင်း
အဲ့ဒီလို အချိန်မျိုးတွေ ဖြတ်ကျော်ရတိုင်း
ဦးနှောက်ကမခိုင်းရပဲ
ငါ့လိပ်ပြာက မင်းအနား
အလိုလို ပျံသန်းသွားလေရဲ့ ......
ကောင်ကလေးရယ်
မဆုံနိုင်သေးတဲ့ မနက်ဖြန်တွေအတွက်
အနာဂတ်ဆိုတာကို ငါမလိုချင်သလို
တစ်ယောက်တည်းရင်ဆိုင်နေရတဲ့
ပစ္စုပ္ပန်တွေကိုလဲ ငါကြောက်ရွံ့နေလေရဲ့ ...
တကယ်တော့ ငါဟာ ...
မင်း ငါ့ကို မေ့မှာစိုးလွန်းလို့
အတိတ်တွေကနေ မနိုးချင်ခဲ့သူပါ .....
by DecemberCinderella
Friday, September 19, 2008
အဖော်မဲ့လိပ်ပြာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment