Chocolate မကြိုက်တဲ့ ငါ့ကို
သူငယ်ချင်းတွေက
သိပ် အ'တာပဲလို့ပြောတယ် ..
အကြိုက်ချင်းမတူကြပဲနဲ့တောင်
ရန်ပွဲတွေများနေတဲ့ လောကကြီးအတွက်
ချောကလက်မကြိုက်တတ်ခဲ့တာကိုပဲ
ခပ်ကောင်းကောင်းလို့ ငါက ထင်နေလေရဲ့ .....
America ထပ်မသွားချင်တဲ့ ငါ့ကို
ခင်မင်သူတချို့က
အရူးမ' လို့ ထောမနာပြုတယ် ..
သူတို့ချင်း စရိုက်တူခဲ့တာတောင်
တသားတည်း ဘယ်တော့မှမဖြစ်ခဲ့တာတွေအတွက်
လက်ရှိပိုင်ဆိုင်ထားတဲ့ ဘ၀ကိုပဲ
ငါက နှစ်သက်နေလေရဲ့ .....
Japan ကနေ Singapore ရွေးချယ်ခဲ့တဲ့ ငါ့ကို
သိနေသူတချို့က
တစ်ခုခုတော့ မှားနေပြီလို့ ပြောတယ် ..
နားလည်ရခက်လောက်အောင်
ဟန်ဆောင်တတ်တဲ့ မျက်နှာတွေကြားက
ငါ ရုန်းထွက်လာနိုင်ခဲ့တာကိုပဲ
အမြဲ ငါက ပျော်နေခဲ့လေရဲ့ ....
by ...DecemberCinderella
1 comment:
ငါလဲ ချော့ကလက် မကြိုက်ဖူး...
ဒါပေမယ့်..... နင့်လောက် သတ္တိမရှိဘူးဟ။
ဒီတော့ အောင့်သက်သက်နဲ့ သွားနာခံပြီး
ချော့ကလက် ကိုက်နေဆဲပဲ.......
Post a Comment