Monday, September 22, 2008

ကိုယ်မသိသော နေ့စွဲများ (၂)

ပြောရဦးမယ် ..ဒီနေ့ ရယ်လဲရယ်ချင်တယ် .. ရုံးက Executive Secretary က Employment Confirmation ပေးမှာမို့လို့ နင့်ရဲ့ အခုလိပ်စာအသစ်နဲ့ contact phone number အသစ်ကို ငါ့ဆီ အီးမေလ်းပို့ပါတဲ့ ...လိပ်စာက ပြဿနာမရှိ။ အီးမေလ်းရိုက်ရင်းနဲ့ နောက်ဆုံး ဖုံးနံပါတ်ထည့်မယ်ဆိုမှ ..ဗုဒ္ဓေါ ..ကိုယ့်ဖုံးနံပါတ်ကိုယ် မသိတော့ပါလား .... ကယ်ကြပါဦး အရပ်ကတို့ ...ဖုံးထဲမှာ ကိုယ့်ဖုံးနံပါတ်ကိုယ် ဘယ်လိုကြည့်ရတာလဲ .. .အမယ်လေး ..သူများပြောရင်လဲ အရှက်ကွဲတော့မှာပဲ။ (အဲ့ဒါကြောင့် ပြောတယ် ...အိမ်ကို အချိုမှုန့်တွေ မသုံးပါနဲ့လို့ .. အခုတော့ ငါ ဦးနှောက်ပျက်ပြီ ...)

အခုခေါင်းထဲမှာ ၀ယ်ထားတဲ့ ပစ္စည်းတွေ oversea ကနေ ရောက်မဲ့ ETD တွေ၊ ETA တွေပဲရှိတော့တယ် .......... ပြီးတော့ Supplier ရဲ့ item code နဲ့ ကိုယ့်ရဲ့ System က product code တွေ ....အဲ့ဒီ ပိုက်ဆံပေးနေတဲ့ အရာ တွေကပဲ ဦးနှောက်ထဲမှာ နေရာအပြည့်ယူပါများလာတော့ ........... ကျန်တာတွေလဲ မသိတော့ ...

နှစ်စဉ် သူငယ်ချင်းတွေရဲ့ မွေးနေ့နဲ့ PSI က ကိုယ့်ရဲ့ အလေးစားရဆုံး မန်နေဂျာတစ်ယောက်ရဲ့ မွေးနေ့ကို မပျက်မကွက် e.card နဲ့ တစ်မျိုး၊ လူကိုယ်တိုင် ဖုံးနဲ့ ပြောပြီး birthday wish လုပ်ဖို့ အခြေအနေပေးရင် ပေးသလို မွေးနေ့ဆုတောင်းပို့ခဲ့တာ ... ဒီနှစ်ကျတော့ 'ဒီ ၂၀ ရက်ကြီးက ငါ့ခေါင်းထဲမှာ အခုတလော ဘာလို့ ရောက်နေတာလဲ' ဆိုပြီး အချိန်တော်တော်ကြာ စဉ်းစားလိုက်ရတာ ..ပြီးမှ 'ဟာ သွားပြီ ..ဆရာ့မွေးနေ့ပါလား' ဆိုပြီး ကမန်းကတန်း planner ကြည့်မိတဲ့ အချိန်မှာ .... Belated wish ပို့မယ်ဆိုရင်တောင် နည်းနည်း မဟုတ်ဘူး၊ တော်တော့်ကို နောက်ကျသွားတဲ့ ကိုယ့်လုပ်ရပ် .. June လက မွေးနေ့ကို August ရောက်မှ သတိရတယ်ဆိုတော့ ....လွန်ပြီ ...တော်တော်တော့များပြီ ...လို့ အပြောခံရမှာ မလွဲ ....

အဲ့ဒီလိုနဲ့ပဲ ....ကိုယ်က ချစ်ရသူတွေ ..ကိုယ့်ကို ချစ်တဲ့သူတွေဟာ ...ကိုယ့်ရဲ့ တစစ ယိုယွင်းပျက်စီးလာတဲ့ မှတ်ဉာဏ်တစ်ခုအောက်မှာ ....ပုံရိပ်ကလေးတွေက ..အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေမိသလိုလို ...ကိုယ်နဲ့ ...
တဖြည်းဖြည်းဝေးကွာခဲ့လေရဲ့ .....

သူငယ်ချင်း
မင်းလဲ မင်းဘ၀နဲ့ မင်း
ငါလဲ ငါ့ဘ၀နဲ့ငါ
ကံဇာတ်ဆရာအလိုကျ
အသုံးချခံရချိန်မှာ ...
ငါ့ပျက်ကွက်မှုတွေအတွက်
မင်းရဲ့ စီရင်ချက်တစ်ခုကိုပဲ
နှစ်သိမ့်ဆုလေးလို သဘောထားပြီး
ဒီသံသရာ ခရီးရှည်ကြီးကို
ငါ ကျော်ဖြတ်သွားမှာပါ ....

by ....DecemberCinderella


No comments:

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */