Friday, September 26, 2008

အမှတ်တရများ၏ အိမ်မက်အိမ်

အချစ်..
မင်းမရှိရင် ကိုယ်စိတ်ညစ်တယ်။
မင်းတယောက်ဘဲ ကိုယ်အပေါ်
နားလည်နိုင် ဆုံးသောသူ..
ကိုယ်တယောက်ဘဲ မင်းအပေါ်
ကြင်နာနိုင် ဆုံးသောသူ..

အချစ်..
မင်းနဲ့ တနေ့ မတွေ့ ရရင် ကိုယ်အိပ်မပျော်ဘူး။
မင်းတယောက်ဘဲ ကိုယ်လိုက်ရှာနေဆဲ
နေဘဲ မကောင်းလား...
အလုပ်ဘဲ များနေလား...
ကောင်မလေးတွေနဲ့ ဘဲ date သွားနေမလား..
ပူပင်သောက..ဖြေဆည်မရတာ..ဒီကလူ။

မနက်နိုးလည်း..off line သတင်း check..
အလုပ်ထဲ မှာလည်း..အင်တာနက်..
အိမ်ပြန်လာလည်း..စောင့်မျှော်လျှက်..
Email ၏ ဝေဒနာ..
On line ၏ ကုးစက်ရောဂါ
ကျမတို့  မျိုးဆက်မှာသေရာပါမယ်။

သူ မရှိ..အင်တာနက်မရှိ..
ကျမ ဘဝ အဓိပ္ပါယ်မရှိ..
cyber ခေတ်၏ သားကောင်..
အဝေးဆုံးနိုင်ငံများက..အနီးဆုံးချစ်သူများ
electronic ခေတ်၏ အချစ် အိမ်မက်ခံစား..
ဝေဒနာများ ကို..Blog မှာထားခဲ့မယ်..

မောင်'ရယ် ၊ မ'ရယ်..
Internet ရယ်
Cyber love ရယ်
G talk ရယ်..
အချစ်ကဗျာ..blog တစ်ခုရယ်..
အလွမ်းသက်သေပြ..အချစ်ကဏ္ဍ
အမှတ်တရများ၏ အိမ်မက်အိမ်။

No comments:

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */