တစ်နေရာတည်းမှာ
အတူမရှိခဲ့ကြပေမဲ့
တမိုးအောက်မှာ
အတူတူရှိနေကြတဲ့ ချစ်သူတွေ
စိတ်ချင်းသာထပ်တူမျှနေခဲ့ရင်
ဘယ်သူတွေထင်မြင်ချက်ပေးပေး
ဘယ်တော့မှမဝေးပါဘူး ချစ်သူရယ် .....
အနီးအနားမှာ
တီးတိုးစကားတွေ မကြားနိုင်ခဲ့ပေမဲ့
နှလုံးသားမှာ
အမြဲခံစားရရှိနေတဲ့ အကြင်နာစကားတွေ
နှစ်ယောက်သားရင်မှာရှိနေသ၍
မေ့နေပြီလားလို့ တွေးဖို့မလိုအောင်
နှောင်ကြိုးတွေမြဲပြီးသားပါ ချစ်သူရယ် ....
အချိန်တွေရဲ့ရွေ့လျားမှုတွေ
တည်နေရာတွေရဲ့တိုက်စားမှုတွေနဲ့များ
ငါတို့ရဲ့ နားလည်မှုကို ......
လွယ်လွယ် ပျောက်ပျက်ခံမယ်ထင်သလား .......
မင်းထားသွားလိမ့်မယ်ဆိုတဲ့ အသိ
အာရုံမှာ နည်းနည်းလေးမှမရှိခဲ့တာ
မင်းကိုမှရွေးချယ်ပေးခဲ့တဲ့
အဲ့ဒီ ကံတရားဆိုတာကြီးကို
ငါကိုယ်တိုင် လိုချင်မက်မောခဲ့လို့ပါ ....
by ....DecemberCinderella
Sunday, September 14, 2008
မတောင်းပဲပြည့်တဲ့ဆု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment