မျက်လုံးရှေ့မှာ
မြင်နေရတဲ့ ပုံရိပ်တွေ
ကိုယ်နဲ့ သိပ်မဆိုင်ပေမဲ့
နေသာသလို နေလိုက်လို့လဲ မဖြစ်ပြန်ဘူး ....
နားထဲမှာ
ကြားနေရတဲ့ သတင်းတွေ
အတင်းစကားဆန်ဆန်ဖြစ်ပေမဲ့
လျစ်လျူရှုနေလို့လဲ မဖြစ်ပြန်ဘူး ....
တခါတလေ
ဒါကိုပဲ ယူပါရစေလို့
ရွေးချယ်ပိုင်ခွင့်မရှိတဲ့
Package အစီအစဉ်မျိုးတွေအတွက်
မလိုပဲ လက်ခံလိုက်ရတဲ့အရာတွေက
ဘ၀မှာ များသထက်များလာတယ် ....
ဒီလိုနဲ့ပဲ
အပိုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာထဲမှာ
မွန်းကြပ်လာတဲ့ ဘ၀တစ်စုံကို
ထိုင်စိတ်ကုန်နေလို့လဲ မဖြစ်ပြန်တော့
မနက်ဖြန်လဲ ဒီနံရံထဲ
ငါပြန်သွားရပါဦးမယ် ........
by ....DecemberCinderella
Tuesday, September 23, 2008
နံရံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment