ကာယကံရှင် ငါတို့ကိုယ်တိုင်
ပိုင်ဆိုင်ကြတဲ့ ချစ်ခြင်းနှစ်ခု
နားလည်မှုတွေ မလွဲဖို့
အမြဲတဖွဖွ ပြောရက်နဲ့
ဘာလို့ စိုးရိမ်ခဲ့ရတာလဲ ချစ်သူရယ် ...
သံသယဆိုတာ
မလိုသူတွေ ခွဲမှမဟုတ်ဘူး
တစ်ယောက်က စလိုက်ရုံနဲ့
နောက်တစ်ယောက်ရဲ့ စိတ်အတွေးမှာ
အလိုလိုဝေးကွာသွားတတ်တာမျိုး
သူဟာ .. တကယ့်ကို နတ်ဆိုးတစ်ပါးပဲ ...
ငါ ..ယုံကြည်ခဲ့တာ
ငါ့ကိုချစ်တဲ့ မင်းအချစ်တွေကို ..
မင်းယုံကြည်ရမှာ
မင်းကိုချစ်တဲ့ ငါ့အချစ်တွေကို ...
အပိုတွေစဉ်းစားပြီး ပူပန်နေမယ်ဆိုရင်
ငါတို့ကိုယ်တိုင် ရေးခဲ့တဲ့ ဒီဇာတ်လမ်းလေး
မမျှော်လင့်မှုတွေနဲ့ အဆုံးသတ်သွားတဲ့အခါ
ရင်နင့်အောင်လွမ်းရမှာ
..ငါတို့နှစ်ယောက်ပါ...
Sunday, September 14, 2008
တကယ်လိုအပ်တာ ..မင်းနဲ့ငါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment