Sunday, September 28, 2008

တကယ်လို့များ .. တနေ့မှာ


တကယ်လို့များ ..တနေ့မှာ
ငိုစရာတွေနဲ့ တွေ့ခဲ့ရင်
တွေဝေမနေနဲ့ သူငယ်ချင်း
မင်းပျော်နိုင်ဖို့ မလုပ်ပေးနိုင်ရင်တောင်
မင်းနဲ့အတူ ငိုပေးဖို့
ငါက အပြေးလာခဲ့မဲ့သူပါ ....

တကယ်လို့များ ..တနေ့မှာ
အဝေးတနေရာကို ထွက်သွားချင်စိတ်
စိတ်အာရုံမှာ ဖြစ်ပေါ်နေခဲ့ရင်
ဆက်ဆက်ခေါ်ပါ သူငယ်ချင်း
မင်းစိတ်ကူးကို ရပ်တန့်ဖို့ထက်
မင်းလက်တွဲပြီး အဝေးထွက်ပြေးဖို့
ငါက မနှောင့်နှေးခဲ့သူပါ ....

တကယ်လို့များ ..တနေ့မှာ
မင်းပြောသမျှတွေ နားထောင်ဖို့
တခြားသူတွေမရှိခဲ့ရင်
ငါ့ကိုခေါ်ပါ သူငယ်ချင်း
မင်းအနားမှာ တိတ်တိတ်လေး
မင်းကို အားပေးနေဖို့အတွက်
ဘေးနားမှာ ရှိချင်ခဲ့သူပါ ...

တကယ်လို့များ ..တနေ့မှာ
မင်းခေါ်သံတွေ ပြန်ထူးတတ်တဲ့
ငါ့ရဲ့ဘက်က အဖြေမကြားရင်
ငါ့အနားကို အပြေးလာပေးပါ သူငယ်ချင်း
မင်းကို လိုအပ်နေသူ ငါ ....
မင်းရှိမှ ဖြစ်မှာမို့လို့ပါ .....

by ....DecemberCinderella

1 comment:

Anonymous said...

ကဗျာလေးကကောင်းတယ်... အဆင်သင့်ရှိနေမှာပါ.. သူငယ်ချင်း :) :D :P

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */