Nothing seems very interesting when it belongs to you; only when it doesn't.
ကိုယ်ပိုင်ဆိုင်ထားရချိန်မှာ ဘယ်အရာမှ တကယ်စိတ်ဝင်စားစရာမကောင်းပါဘူး။ ဆုံးရှုံးလိုက်ရတဲ့အချိန်ကျမှသာ စိတ်ဝင်စားစရာကောင်းလာပါတယ် ....တဲ့ ...
ဘယ်တော့မဆို ရောက်ရာအရပ်၊ ဖြစ်ရာဘ၀မှာ သိပ်ဘ၀င်မကျတတ်တဲ့ ကျွန်မအတွက် တခါတလေ .. အဲ့ဒီ စာသားလေးကို သွားသွားသတိရတတ်ပါတယ် ။ အထူးသဖြင့် ဒီကို ရောက်ခါစ မြန်မာပြည်လဲမပြန်ချင်၊ ဒီမှာလဲ အလုပ်တစ်ခုနဲ့ အခြေတကျဖြစ်ချင် ....ဖြစ်ချင်တဲ့အရာတွေကများ၊ အဲ့ဒီအရာတွေနောက် တကောက်ကောက်လိုက် ရတဲ့ စိတ်တွေကလဲ ဗျာများ .... ရင်မောရတဲ့နေ့ရက်တွေဖြတ်သန်းပြီးလို့ ...အလုပ်ခွင်ထဲလဲ ရောက်ရော ....
ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ကိုယ်လိုချင်တဲ့ ရာထူးတစ်ခုနဲ့ ရခဲ့တာပါပဲ ...ဒါပေမဲ့ ...
(နေရာတကာ စိတ်မရှည်တတ်တဲ့ သူတို့လူမျိုးတွေနဲ့ ) စစချင်းမှာ lost in communication ကလဲ ခဏခဏဖြစ်..
ဖုန်းထဲက သူတို့လေသံတွေကို Catch up မဖြစ် ..စိတ်ညစ်ညစ်နဲ့ .....ကျလိုက်ရတဲ့ စိတ်ဓါတ် ..ပြန်မတက်တော့ တဲ့ ကိုယ့်စိတ်ဓါတ်တွေ ....ဘယ်လိုလုပ်ရမှန်းမသိ ...
မြန်မာပြည်မှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေ online မှာတွေ့တော့ စကားကောင်းကောင်းမပြောဖြစ်။ သူတို့က ပြောတယ် .... SG ရောက်တာမှ မကြာသေးဘူး။ အလုပ်လေးတစ်ခုရပါတယ်။ စိတ်ဓါတ်တွေက မိုးပေါ်က မဆင်းတော့ဘူးတဲ့ ...သေစမ်းဟယ်လို့ .... ပြောသေးတယ် ..နောက်တစ်ယောက်က 'ဘယ်အရာမှ မမြဲပါဘူး' တဲ့။
တစ်ခွန်းမှကို ပြန်မပြောချင်တော့ ..သူ့ကိုလဲ online မှာ ထပ်မမြင်ချင်တော့ သွားတော့ နောက်တစ်ယောက် ..
Recycle Bin ထဲကို ထည့်တာမဟုတ်ဘူး။ block လုပ်လိုက်တာ ...တဖြည်းဖြည်းနဲ့ ...မြန်မာပြည်မှာ သိပ်အချိန် ပေါများတဲ့ သူငယ်ချင်းတွေနဲ့ ဒီမှာ ဘ၀ကို MRT (Mass Rapid Train) တွေနဲ့ အပြိုင်လိုက်နေရတဲ့ ကိုယ်နဲ့ ..
ဘယ်လိုမှ အစေးမကပ်တော့ ......
အဲ့ဒီလိုနဲ့ပဲ .. ဒီမှာရှိတဲ့ ကိုယ့်ဘ၀ကိုယ် သူတို့က အားကျ (ပြီးတော့ နားမလည်)၊ သူတို့ နားလည်အောင် ရှင်းမပြ ချင်တော့တဲ့ ကိုယ်ကလဲ သူတို့လို ဘ၀ထဲကို ပြန်သွားချင် ...............
နောက်ဆုံးတော့ ....တနင်္လာနေ့ပေါင်းများစွာကို မသိမသာမုန်းလာတဲ့ ကျွန်မဟာ ..အခုလို တနင်္ဂနွေညမျိုး ဆိုရင်တော့ ..Sunday Night Phobia ကို ခံစားရလေရှိပါတယ် ....
by .... DecemberCinderella
Sunday, September 21, 2008
ကိုယ်မသိသော နေ့စွဲများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment