Monday, September 8, 2008

ဆိုင်သူကိုသာသိစေချင် ..

'လွမ်းနေမယ်နော်' ဆိုတဲ့ စကားလေးတစ်ခွန်းအဆုံးမှာ တွဲထားတဲ့ လက်ကလေးတစ်စုံ ခဏ ကွဲကွာသွားတယ်..
ဒါပေမဲ့ ..ရင်ထဲမှာ ...တစ်ခုခု ပြိုလဲကျသွားသလို ...ခံစားလိုက်ရတယ် ... ဒီခံစားချက်တွေရဲ့ ရိုက်ချက်အောက် ကနေ ရုန်းထွက်နိုင်မလားလို့ သူ့ကို မကြည့်မိအောင်နေလိုက်တယ် .. မရဘူး ..အဲ့ဒီ မျက်ရည်မကျပဲ ငိုနေတဲ့ မျက်ဝန်းတွေက ...ကိုယ့်ကို ...နေ့ပေါင်းများစွာ ..ညပေါင်းများစွာ ..ဒဏ်ရာတွေ ဖြစ်စေခဲ့တယ် ....

အဲ့ဒီလို မငိုခဲ့တဲ့ မျက်လုံးတွေကပဲ ဒီစာကို ရိုက်နေရင်းနဲ့ မျက်ရည်တွေကျနေတယ် ..."နင် ရည်
စားတစ်ယောက်နဲ့ တွဲပြီး တစ်ယောက်နဲ့ကွဲတိုင်း ၀တ္ထုတစ်ပုဒ်ရေးတာ ..လိုက်ဖတ်ပြီးခံစားနေရရင် ငါတို့ရူးမှာပေါ့တဲ့" ... အခု ဒါကို ရေးတာ ၀တ္ထုမဟုတ်ပါ ...မျက်ရည်တွေနဲ့ရေးခဲ့တဲ့ ရင်ထဲကခံစားချက်ကို ဆိုင်သူဖတ်ပြီး ခံစားမှာပါ ..ဘယ်သူမှ ငိုပေးဖို့မလိုအပ်သလို ..အားပေးဖို့လဲ မလိုအပ်ခဲ့ပါ ...

သူ အနားမှာမရှိတော့ပေမဲ့ ..သူ ဆုပ်ကိုင်ခဲ့တဲ့ ကိုယ့်လက်တွေက..ကိုယ်တို့နှစ်ယောက်ရဲ့ မနက်ဖြန်ခွန်အားတွေ.
သူ့အသံလေးတွေ မကြားရတော့ပေမဲ့ ...သူပေးခဲ့ဖူးတဲ့ အကြင်နာတွေက ..ကိုယ်တို့နှစ်ယောက်ရဲ့ မျှော်လင့်ချက် အိပ်မက်တွေ ... သူနဲ့ အနေဝေးနေခဲ့ပေမဲ့ ... အနားမှာအတူရှိခဲ့ဖူးတဲ့ အချိန်တွေက ..ကိုယ်တို့နှစ်ယောက်ရဲ့ တသက်စာ အမှတ်တရတွေ ...


ဘယ်တော့မှမဝေးဘူးနော် ...တဲ့

နှစ်ယောက်လုံး အဲ့လိုပြောခဲ့ဖူးတယ် ....
အမြန်ဆုံးအတူနေနိုင်ဖို့ ကြိုးစားမယ်နော် ...တဲ့

နှစ်ယောက်လုံး အဲ့လို တိုင်တည်ခဲ့တယ် ...


ဒါတွေ တကယ်ဖြစ်လာဖို့ နှစ်ယောက်လုံးကြိုးစားရတော့မယ် ..အိပ်မက်တွေ အသက်ဝင်လာဖို့ "အနားမှာ သူမရှိပေမဲ့ စိတ်မှာ အချိန်ပြည့်အတူရှိနေတယ်" ဆိုတဲ့ သူ့ဘက်ကိုယ့်ဘက် ယုံကြည်မှုအပြည့်နဲ့ မနက်ဖြန်တွေကို အားတင်းရင်ဆိုင်ရတော့မယ် ... ကလေးရယ် ...ဘာမှမပေးချင်နေပါ ..နားလည်မှုတွေ မလျော့ဖို့ ...ယုံကြည်မှုတွေခိုင်မြဲဖို့ .. ပြောခဲ့ဖူးတဲ့ စကားတွေကိုပဲ တည်အောင် ထိန်းပေးပါ ...

'အနားမှာ မင်းမရှိခဲ့ပေမဲ့

စိတ်မှာ အချိန်ပြည့်အတူရှိနေမယ် ...
အမြဲ မင်းအသံလေးမကြားနိုင်ပေမဲ့
ပြောဖူးတဲ့ စကားတွေ ရင်ထဲမှာ ပဲ့တင်ထပ်နေတယ် ...

တွဲဖူးတဲ့ လက်တစ်စုံ ခဏကွဲကွာခဲ့ပေမဲ့
ခိုင်မြဲတဲ့ နှောင်ကြိုးတစ်စုံနဲ့ ဘ၀တစ်ခု ပြည့်စုံခဲ့တယ် ...
သက်ဆိုင်သူ ငါတို့ ယုံကြည်ချက်တွေနဲ့
မနက်ဖြန်တွေကို အားတင်းလို့ခရီးဆက်မယ်

ဘယ်တော့မှ မဝေးပါဘူး ကလေးရယ် ...'

ဆိုင်သူဖတ်ဖို့ရေးခဲ့တာ ၀တ္ထုတစ်ပုဒ်အတွက် ကုန်ကြမ်းလဲမဟုတ်သလို ..ဇာတ်လမ်း
တစ်ပုဒ်အတွက် မူကြမ်းလဲ မဟုတ်ခဲ့ကြောင်း သူသိပါလိမ့်မယ် ...




by ..DecemberCinderella

No comments:

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */