ဘယ်လောက်ထိချစ်လဲလို့
ဘယ်တော့မှ မမေးချင်ခဲ့သူ ငါ ...
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်
မင်းမျက်နှာ တစ်ကမ္ဘာထင်ခဲ့သူပါ ...
ဘယ်လောက်ထိ မြတ်နိုးသလဲလို့
ဘယ်တော့မှ မသိချင်ခဲ့သူငါ ...
သတိရတယ်ဆိုတဲ့ message လေးနဲ့တင်
ကျေနပ်ရောင့်ရဲတတ်သူပါ ....
ဘယ်တော့ထားသွားဦးမှာလဲလို့
ဘယ်တော့မှ မတွေးတတ်သူငါ
မင်းပေးခဲ့ဖူးတဲ့ အကြင်နာနဲ့တင်
ရင်ခွင်တစ်စုံမှာ ပျော်မွေ့ခဲ့သူပါ ...
ချစ်သူရယ်
မင်းချစ်ခြင်းတွေကို ရရှိခြင်းအတွက်
လောကကို ကျေးဇူးတင်တတ်ခဲ့သူ ငါ
လွဲချော်မှုတစုံတရာအတွက်
ကံကြမ္မာကိုလဲ အပြစ်ဆိုမှာမဟုတ်ပါ ...
ဘယ်လိုပဲဖြစ်ဖြစ်
ချစ်ခွင့်ရဖူးတဲ့နေ့တွေအတွက်
ချစ်ခြင်းရဲ့လက်ဆောင်တစ်ခုကို
ဘယ်သူမှမသိအောင် ငါ မြတ်နိုးသွားမှာပါ ..
by ...DecemberCinderella
Saturday, September 20, 2008
ငါယုံကြည်သော ချစ်ခြင်းတရား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment