အားငယ်တဲ့ ချစ်သူကို
မျက်ရည်သုတ် ပေးချင်ပေမဲ့
စိတ်မရှိပါနဲ့ ကွယ်..
ကိုယ်က အဝေးမှာ။
ဖျားနာတဲ့ ချစ်သူကို
ဆေးတိုက်ပြုစု ချင်ပေမဲ့
နားလည်ပါ အချစ်ရယ်..
ကိုယ်က တခြားမှာ။
ချစ်ချင်တဲ့ ချစ်သူကို
နမ်းစရာ ပါးထိုးပေးချင်ပေမဲ့
မဖြစ်နိုင်..အခုအခါ..
ကိုယ်တို့  မနီးတဲ့နေရာ။
တနေ့ နေ့ သောအခါ..
မနက်ခင်းနေရောင်ကြား
မင်းနဲ့တူတူ..
လမ်းပေါ်မှာ ပြေးချင်တယ်။
လသာည များ သောင်ပြင်ပေါ်မှာ..
ပင်လယ်လေရှု..
ကြယ်တွေ ကိုရေတွက်ကြစို့ အတူတူ။
အိမ်နောက်ဖေးက..ဥယျာဉ်ကလေး..
ပေါင်းသင် မြေဆွ..
အချစ်နဲ့ အတူတူ..
ဘဝကို အေးအေး ညင်သာ..
ရိုးရှင်း ပကာသနနည်းစွာ
မင်း ရင်ခွင်ထဲမှာ..
နောက်ဆုံး ထွက်သက်ကုန်ချင်တယ်။
မျှော်လင့်ဆဲဘဲလေ..
တနေ့ နေ့ သော အခါ ပေါ့..
တနေ့ နေ့ သော အခါ ပေါ့..
Wednesday, September 17, 2008
တနေ့ နေ့  တချိန်ချိန်
Subscribe to:
Post Comments (Atom)
2 comments:
အင်း.......
..........
မျှော်လင့်ဆဲဘဲလေ..
တနေ့ နေ့ သော အခါ ပေါ့..
တနေ့ နေ့ သော အခါ ပေါ့..
အားငယ်တဲ့ ချစ်သူကို
မျက်ရည်သုတ် ပေးချင်ပေမဲ့
စိတ်မရှိပါနဲ့ ကွယ်..
ကိုယ့်မှာ လက်မရှိပါဘူးကွယ် ။
ဖျားနာတဲ့ ချစ်သူကို
ဆေးတိုက်ပြုစု ချင်ပေမဲ့
နားလည်ပါ အချစ်ရယ်..
ကိုယ်က ကြက်သားကိုပဲ ရေထိုးတက်တာကလား ။
ချစ်ချင်တဲ့ ချစ်သူကို
နမ်းစရာ ပါးထိုးပေးချင်ပေမဲ့
မဖြစ်နိုင်..အခုအခါ..
ကိုယ့်ပါးမှာ ပွေးတွေပေါက်နေတယ် ။
တနေ့ နေ့ သောအခါ..
မနက်ခင်းနေရောင်ကြား
မင်းနဲ့တူတူ..
လမ်းသလား လိုက်ချင်တယ်။
လသာည များ သောင်ပြင်ပေါ်မှာ..
ပင်လယ်လေရှု..
ဖဲ အတူတူရိုက်ကြပါစို့လား ။
အိမ်နောက်ဖေးက..ဥယျာဉ်ကလေး..
ပေါင်းသင် မြေဆွ..
အချစ်နဲ့ အတူတူ..
ဘဝကို အေးအေး ညင်သာ..
မှိုတူး ဖားရိုက် ဂဏန်းနှိုက်ပြီး
မင်း နဲ့အတူတူ
ထမင်း လက်ဆုံးစားချင်တယ် ။
မျှော်လင့်ဆဲဘဲလေ..
ဖားတွေရတဲ့ အခါ ပေါ့..
( ဒါမှမဟုတ် )
မှိုတွေရတဲ့ အခါ ပေါ့..
အဟေးဟေး ......... အဟေးဟေး
Post a Comment