မင်းက ..ငါ့အနားမှာ
မာယာကင်းတဲ့ ချစ်ခြင်းတစ်စုံနဲ့
ထပ်ချပ်မကွာလိုက်နေခဲ့လေရဲ့ .....
ချစ်သူ ..ဘယ်သူနဲ့ပဲရှိရှိ
မင်းက ..ငါ့ အသိမှာ
သတိရနေတယ်နော် ဆိုတဲ့စကားတွေနဲ့
နေရာမရွေး ချည်နှောင်ခဲ့လေရဲ့ ....
ချစ်သူရယ်
ဘယ်သူမှမမြင်နိုင်တဲ့
ကိုယ်တိုင်လဲ ထိတွေ့ပြလို့မရတဲ့
အဲ့ဒီ သံယောဇဉ်တွေရဲ့ ချည်နှောင်မှုနဲ့ပဲ
ဘ၀နှစ်ခုက စိတ်တစ်ခုအဖြစ်ပေါင်းစပ်သွားလေရဲ့ ...
by .....DecemberCinderella
1 comment:
ဆင့်ဆင့်ရေ..... စကားလုံးတွေနဲ့
ကောင်းလေးကို အပြတ်ချွေနေတာပေါ့လေ။
စကားလုံးသုံးတာ ကောင်းတယ်... လှတယ်ဟ...
Post a Comment