ချစ်သူလေးရေ
အနေဝေးတိုင်းသာ
ပြောင်းလဲကြကြေးဆိုရင်
သစ္စာဆိုတဲ့ စကားလုံးတွေ
အဘိဓါန်မှာ ဘယ်ရှိနေပါ့မလဲကွယ်
ချစ်တယ်လို့ ခဏခဏမပြောဖြစ်ခဲ့တာ
ပြောမပြတတ်အောင် မြတ်နိုးလွန်းလို့ပါ .....
ချစ်သူလေးရေ
မတွေ့မမြင်ရတိုင်းသာ
မေ့ကြကြေးဆိုရင်
သံယောဇဉ်ဆိုတဲ့ စကားလုံးတွေ
ချစ်သူတွေရဲ့ဘ၀မှာ ဘယ်ရှိပါ့မလဲကွယ်
အတူနေချင်တယ်လို့ ခဏခဏမပြောဖြစ်ခဲ့တာ
မင်းက ငါ့အနား အမြဲရှိနေခဲ့လို့ပါ .....
by ....DecemberCinderella
Wednesday, September 10, 2008
ပြောရန်မလိုသော စကားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment