စိတ်ချင်းအမြဲဆက်စပ်နေတယ်လို့ပြောရင် ဘယ်သူမှယုံမယ်မထင်ပါ ..
သူ့အတွက် post အသစ်တွေရေးနေတုံးမှာပဲ .. ကျွန်မဖုံးမှာ (Anybody There?) ဆိုတဲ့ message alarm လေး ရောက်လာပါတယ် ... ပြေးကြည့်ဖို့မလိုပါ ...တွေးကြည့်ရုံနဲ့ သူပဲလို့ သိခဲ့တာ ..... မထူးဆန်းဘူးလား ..
'Ma, what r u doing now? I miss u so much. I will try to stay near u' ဆိုတဲ့ message တိုတိုလေးက မျက်နှာပေါ်မှာ အပြုံးတွေကို ဖန်တီးပေးလိုက်သလို ရင်ထဲကို နွေးထွေးသွားစေတယ် ...
မိုင်ပေါင်းများစွာဝေးကွာမှုက
ငါတို့နှစ်ယောက်ရဲ့ ဘ၀ကို
ဘာမှပြောင်းလဲမသွားစေဘူး ....
စိတ်ချင်းဝေးကွာမှုတစ်ခုသာ
ချစ်သူတွေရဲ့ဘ၀ကို
အကြီးမားဆုံးပြောင်းလဲသွားနိုင်တယ် ...
ချစ်သူ
ဘာမှ ..ငါ့အတွက် မလိုအပ်ဘူး ...
မင်းစိတ်နဲ့ နှိုင်းပြီး စာနာတတ်တဲ့
ယုံကြည်ချက်တစ်ခုပဲလိုတယ် ...
ကျန်တာတွေ ဘေးဖယ်ထားလိုက်ပါနော် ....
by ...DecemberCinderella
Thursday, September 11, 2008
မင်းအတွက်ငါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment