Mumbai မှာနေတဲ့ အဖေက New York မှာနေတဲ့ သူ့သားဆီကို ဖုန်းခေါ်တယ်...
"သားရေ ..မင်းရဲ့ အချိန်တွေကိုယူရတာတော့ အားနာပါတယ် ...ဒါပေမဲ့ ဒီိအကြောင်းကတော့ မင်းကို ပြောမှဖြစ်မှာမို့လို့။ မင်းအမေနဲ့ ငါတော့ ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်လိုက်ပြီ။ ၃၅ နှစ်တောင်ရှိသွားပြီ... ဒီစိတ်ပျက်စရာ ဘ၀ထဲမှာ နေနေရတာ ..."
သားက ဖုံးထဲကနေပြန်အော်တယ် ..."အဖေ ..ဘာတွေလာပြောနေတာလဲဗျာ"
"ငါတို့တစ်ယောက်နဲ့ တစ်ယောက်အရမ်းစိတ်ကုန်နေပြီ ..အဲ့ဒါ မင်းညီမကိုအကြောင်းကြားပေး၊ ငါတို့ကတော့ လမ်းခွဲမှကိုဖြစ်တော့မယ်"
အကိုက HongKong မှာရှိတဲ့ ညီမဆီလှမ်းဖုံးဆက်ပြီး အကြောင်းကြားတော့ ...အလွန်အမင်းပေါက်ကွဲနေတဲ့ ညီမက
"သူတို့ ရူးနေကြပြီ။ ဒီကိစ္စ ငါ့တာဝန်ထားလိုက်" ဆိုပြီး ချက်ချင်းပဲ Mumbai ကို ဖုံးဆက်တယ် ..
"အဖေတို့ ဘာတွေလျှောက်လုပ်နေတာလဲ ...ကွာရှင်းပြတ်စဲဖို့ လုံးဝမလုပ်ရဘူး။ မနက်ဖြန် အကို့ကိုခေါ်ပြီး အဲ့ဒီကိုလာမယ် ..သမီးတို့ မရောက်မချင်း ဘာတစ်ခုမှမလုပ်ပါနဲ့ ... ဘာဆိုဘာမှမလုပ်ပါနဲ့ ..သမီးပြောတာ ကြားတယ်နော်"
အဖေကြီးက သူ့သမီးနဲ့ ဖုံးပြောပြီးပြီးခြင်း သူ့မိန်းမဘက်လှည့်ပြောတယ် .. "ကဲ မိန်းမရေ..အားလုံးပြီးသွားပြီ။ မနက်ဖြန် သူုတို့ Diwali ကို သူတို့ စရိတ်နဲ့ သူတို့ လာကြလိမ့်မယ် ..စိတ်မပူနဲ့တော့ ။"
Morale of the Story
ဘ၀မှာ ၃၆၅ ရက်လုံး ဘယ်သူမှ အလုပ်များမနေကြပါဘူး။ သင်ချစ်ရတဲ့သူတွေအတွက် ခွင့်ရက်အနည်းငယ်လောက်စီစဉ်လိုက်ပါ။
အဲ့လို စီစဉ်လိုက်လို့လဲ ကမ္ဘာကြီးပြိုကျပျက်စီးမသွားပါဘူး။ ရုံးအလုပ်တွေနဲ့ ငွေရှာခြင်းအလုပ်တွေဟာ သင့်အတွက် အရာအားလုံး ဆိုတဲ့ သဘောတော့မဟုတ်ပါဘူး ...
No man/ woman is busy in this world all 365 days.
The sky is not going to fall down if you take few days leave and meet your dear ones.
Office Work is not Everything and Money Making is not Everything in Life.
Ref: 1 of the incoming mails from 1 of my friends.
Friday, October 3, 2008
ဘာမှ ..စိတ်မပူနဲ့တော့ ...
Subscribe to:
Post Comments (Atom)
2 comments:
ဟား ဟား ကောင်းလိုက်တဲ့ လှည့်ကွက်လေး..
ဟုတ်တယ်ဗျာ တစ်ခါတစ်လေ လူတွေဟာ အလုပ်များတယ် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ မိဘ ကို ပြန်ကြည့်ဖို့ အချိန်မပေးချင် ကြဘူး..
ကျွန်တော် အပါအဝင်ပေါ့...
မိုက်တယ်ဗျာ... မှတ်ထားရမယ်.. နောက်ကိုယ်မိဘအရွယ်ရောက်ရင် အသုံးဝင်မှာဗျ.. ဟာဟ
Post a Comment