![]() |
စွဲလန်းမှုရဲ့ ကိုယ်စားပြုပုံရိပ်တွေတဲ့ ..
အတိတ်ဆိုတာ မတမ်းတသင့်တဲ့အရာပဲလို့
သိစိတ်က လက်ခံခဲ့သော်ငြား
အိပ်စက်ခြင်းတွေ ခိုးယူနေတဲ့
အဲ့ဒီအိပ်မက်တွေက လွတ်မြောက်ဖို့ကျ
ငါ ..နည်းနည်းမှ မစဉ်းစားခဲ့ပါလားကွယ် ...
'တကယ်မေ့နိုင်ခဲ့ပြီလား' ဆိုတဲ့
တစ်ယောက်သောသူရဲ့အမေးကို
"တချိန်တုံးကဆိုတာ
ရာဇ၀င်ထဲမှာ ကျန်ခဲ့ပြီ" လို့
ရင်မခုန်သလိုနဲ့ ပြန်ဖြေခဲ့ပါရဲ့ ....
ဒါပေမဲ့ ....
သိစိတ်နဲ့ မသိစိတ်ရဲ့ကြားက
ငါ့အိပ်မက်ပြတိုက်ကလေးက
တဖြည်းဖြည်းအသက်ဝင်လာတာကိုတော့
ငါကိုယ်တိုင် လက်မခံချင်လို့မရခဲ့ဘူး ...
by ...DecemberCinderella

1 comment:
ဘာလို့ အတွေးတွေ အရမ်းလန်းနေတာလဲ... အားယူသွားတယ်ဗျို့
Post a Comment