လူတိုင်းအမှားနဲ့ မကင်းကြတဲ့အတွက်
ခဲတံတွေမှာ ခဲဖျက်ရှိနေခဲ့ပေမဲ့
တူညီတဲ့အမှားတစ်ခုကို နှစ်ခါမှားဖို့
ငါ့ကိုယ်ငါတော့ ခွင့်ပြုမထားဘူး ....
လိုတရဘ၀တွေအတွက်
အားကျချင်စရာကောင်းပေမဲ့
လောကထဲ ရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိဖို့
အခုထိ ခက်ခဲနေတဲ့ဘ၀ကို အပြစ်မပြောဘူး ...
အားနည်းချက်များစွာအတွက်
မျက်ရည်ကျခဲ့ဖူးတဲ့ အချိန်တွေရှိပေမဲ့
အဲ့ဒီအတွက် သူများထက်နှစ်ဆပိုကြိုးစားဖို့
ကိုယ့်ကိုကိုယ်အားပေးနေရတာကို
ငါ ဘယ်တော့မှမမောဘူး ...
သဘောထားကွဲလွဲမှုတွေအတွက်
အကြောင်းပြချက်တို့ရှိသင့်ပေမဲ့
အနီးဆုံးကလူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ဖို့
ငါ့ဆန္ဒ္ဒတွေ ရှေ့တန်းမတင်ခဲ့ဘူး ...
ကျေးဇူးတင်ထိုက်တဲ့အရာတွေကို
လေးလေးနက်နက်ကျေးဇူးတင်ရင်းနဲ့
ငါရဲ့ ဖြစ်တည်မှုတစ်ခုအတွက်
ငါ ဘယ်တော့မှစိတ်မပျက်ဘူး ....
by ....DecemberCinderella
(အခုအချိန်ထိ အမြဲအားပေးနေခဲ့သော
ကျေးဇူးရှင်အန်တီသို့ . မှတ်မှတ်ရရ ...)
Thursday, October 16, 2008
ရင်၌ဖြစ်တည်သော ....
Subscribe to:
Post Comments (Atom)
2 comments:
လူတိုင်းအမှားနဲ့ မကင်းကြတဲ့အတွက်
ခဲတံတွေမှာ ခဲဖျက်ရှိနေခဲ့ပေမဲ့
တူညီတဲ့အမှားတစ်ခုကို နှစ်ခါမှားဖို့
ငါ့ကိုယ်ငါတော့ ခွင့်ပြုမထားဘူး ....
အရမ်းကြိုက်တယ်ဗျာ အယူအဆလေးကို
အားပေးပါတယ် အများကြီး ဆက်ရေးပါဗျာ
အစ်မ ရဲ့ သတ္တိတွေ ခွန်အားတွေ ကို ဒီကဗျာလေးထဲ မှာ မြင်နေရပါတယ်...
လေးစားပါတယ် အမ....
ဒီကဗျာလေး ကိုလဲ အရမ်းကြိုက်ပါတယ်
Post a Comment