Saturday, October 11, 2008

အားလုံးရဲ့ အဝေးမှာ ...

အများကြီးမျှော်လင့်ခဲ့မိတုံးက
အရမ်းနာကျင်ခံစားခဲ့ရဖူးတယ် ..
မမျှော်လင့်တတ်အောင်ကျင့်ပြီး
တချို့အကြောင်းတွေ လျစ်လျူရှုနေပြန်တော့
ငါ့လောက်မင်းမချစ်တတ်ပါဘူးလို့
စွပ်စွဲခံရပြန်တယ် ..

ရယူခြင်း ...ပေးဆပ်ခြင်း
အဲ့ဒီလို ပညတ်ချက်တွေကို
မသိမသာ မုန်းတတ်လာတဲ့ငါ
နေသာသလိုနေပြန်တော့
ခံစားချက်ကင်းမဲ့သူလို့
သိသိသာသာ အထင်ခံရပြန်တယ် ....

ပြောပါဦး လောကကြီးရယ်
ဘ၀မှာ ..ဖြစ်ချင်တာတွေထက်
ဖြစ်သင့်တာတွေကိုပဲ
အမြဲဦးစားပေးခဲ့ရတဲ့ ငါ့အတွက်
ဘယ်တော့ မျက်နှာသာရမလဲလို့ .....

by ...DecemberCinderella

2 comments:

Anonymous said...

ဂွမ်း...ခနဲကွဲတဲ့ အသဲ
မမြဲတဲ့ တရားပါ...
ချစ်ခြင်း၏ အခြားတစ်ဖက်မှာ..
မျက်ရည်ဟာ ဒေါ်လာတစ်ရွက်မဟုတ်ဘူး..။
ခံစားချက်ခြင်းအတူတူ
ဘယ်သူကသာမယ်ထင်လဲ...
မျှော်လင့်ကာစောင့်စားနေမဲ့အစား
ပဲပြုတ်ကို ဆီဆမ်းစားတော့မယ်..
မင်း..လိုရာသွား...။

Anonymous said...

ဖြစ်ချင်တာတွေကိုပဲ ဦးစားပေးတဲ့ သူတွေက တစ်ကယ့်ကို သူတို့ဘ၀က ဖြစ်ချင်ရာဖြစ်သွားတတ်ကြတာပါ ..
ဖြစ်သင့်တာကိုပဲ လုပ်ခဲ့တဲ့ သူတွေကျတော့
သူ့အရွယ်နဲ့သူ ဖြစ်သင့်တာလေးတွေပဲ ဖြစ်လာတတ်ပါတယ်
ဒါက ငြင်းမရတဲ့ သဘာဝပဲလေ ...

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */