ဆယ်ပေပတ်လည်အခန်းကျဉ်းလေးထဲမှာ
နှစ်ထပ်ကုတင်နှစ်လုံးနဲ့
လူလေးယောက်နေကြတယ် ....
ကိုယ့်အခန်းနဲ့ကိုယ် တခါမှမနေဖူးတဲ့ ငါ့အတွက်
အပြောင်းအလဲသစ်တစ်ခု ဖြစ်နေခဲ့ပေမဲ့
(ဘာလို့လဲ မသိဘူး)
အမေ့အိမ်ကိုပဲ ငါပြန်ချင်တယ်
အဲ့ဒီမှာ ငါ့အရိပ်ကိုရှာတွေ့တယ် .....
ငါးမိနစ်တစ်စီးလာတဲ့ရထားကို
နည်းနည်းလောက်ကပ်လွဲရင်
လူတွေ အလိုမကျဖြစ်နေကြတယ်
ရန်ကုန်က ဘတ်စကားတွေအကြောင်းတွေးမိတော့
ယောင်ယောင်လေးပြုံးမိခဲ့ပေမဲ့
သူတို့ထဲက ကိုယ်တစ်ယောက်
ရထားတွေနောက်ပြေးပြေးလိုက်တတ်လာတယ် ..
လပြည့်ညတွေရောက်တိုင်း
အေးမြမှုနဲ့ လရောင်ရဲ့ အလှအပ
ငါတို့အပြည့်အ၀ခံစားကြရတယ် ..
မီးခလုတ်ပိတ်ပစ်လိုက်မှသာ
အမှောင်ကျသွားမဲ့ ဒီမှာတော့
ငါ့ရင်ထဲက လတစ်စင်းကိုမြင်ရဖို့
ခဏခဏ Download လုပ်နေရတယ် .....
တရံသောအခါက
'လူကြီးမင်းခေါ်ဆိုသော ...' တို့
'ဆက်သွယ်မှုဧရိယာပြင်ပ...' တို့
ဖြေချင်ရာဖြေတတ်တဲ့ ဖုံးသံတွေကို ငါမုန်းတတ်တယ် ...
Power Off လုပ်လိုက်မှသာ
ဆက်သွယ်မှုပြတ်တောက်မဲ့နည်းနဲ့တော့
ငါရှောင်ရမှာကြောက်တာနဲ့
Silence တွေ မသိမသာလုပ်ရင်း
ငါ ကိုယ်တိုင် တိတ်ဆိတ်ငြိမ်သက်လာတယ် ....
by....DecemberCinderella
(အရင် blog အဟောင်းမှာ Transformation ဆိုတဲ့ ခေါင်းစဉ်နဲ့တင်ပြီးသား post ပါ ...ဖတ်ဖူးပြီးသားဖြစ်နေမှာစိုးလို့)
Sunday, October 12, 2008
ပြောင်းလဲမှုအက်ကြောင်းများ
Subscribe to:
Post Comments (Atom)
2 comments:
အပေါ်ဆုံးစာပုဒ်က
“ကိုယ့်အခန်းနဲ့ကိုယ် မနေဖူးတဲ့ငါ့အတွက်
မွန်းကြပ်တယ်လို့ မငြီးမိပေမဲ့” ဆိုတာကို
ဒီလိုရေးကြည့်ပါလား....
“ကိုယ့်အခန်းနဲ့ကိုယ် လွတ်လပ်စွာနေဖူးတဲ့ငါ့အတွက်
မွန်းကြပ်တယ်လို့ မငြီးမိပေမဲ့”
ဆိုရင်ကော...
မ....တစ်လုံးပါတာကဆိုလိုရင်းကို ဆန့်ကျင်တဲ့ပုံစံဖြစ်နေသလားလို့။
ကျွန်တော့ဆီကို လာလည်တွက် ကျေးဇူးတင်ပါတယ်..
မူရင်းစာမူခလေးပေးမယ်..ဘယ်လောက်လဲ..ပြော
အများကြီးတော့မလုပ်နဲ့နော်...
ရွှင်လန်းပါစေ...
ကဗျာလေးကောင်းတယ် ခံစားချက်ကို ပေါ်လွင်တယ်
စိတ္တဇလေး နည်းနည်းဆန်တယ် ရသတစ်မျိုးပေါ့ ..
ဒီလို ကဗျာလေးတွေ အများကြီး ဆက်ရေးပါဦးလို့ .
Post a Comment