ကိုယ့်စိတ်က မပြတ်သားသေးပဲ
လူတစ်ယောက်ကို နှုတ်မဆက်နဲ့တဲ့ ...
ကြိုးစားကြည့်လို့ ရဦးမဲ့အရာကို
လုံးဝ လက်လျှော့မပစ်လိုက်နဲ့တဲ့ ...
Slip ရဲ့ အတွေးမှတ်စုမှာ ဖတ်ဖူးတယ် ....
အခက်ဆုံးအလုပ်တစ်ခုက
သဘောကျတဲ့ အဲ့ဒီအတွေးတွေကို
လက်တွေ့ဘ၀ထဲရောက်လာအောင်
ငါ မစွမ်းဆောင်နိုင်ခြင်းပါပဲ ...
ဘယ်လို ပြန်နှုတ်ရမှန်းမသိတဲ့
စကားတွေ ခဏခဏ ကျွံဖူးရဲ့ ...
လက်ကျန်သံယောဇဉ်တွေနဲ့လဲ
တစ်ယောက်တည်း ရန်တွေဖြစ်ခဲ့ဖူးရဲ့ ...
ကိုယ်တိုင်နှုတ်ဆက်ထားတဲ့သူကိုလဲ
အရှက်မရှိ ပြန်လိုက်ခေါ်ခဲ့ဖူးပါရဲ့ ....
မပြတ်သားတဲ့ စိတ်တစ်ခုအတွက်
ပုံရိပ်ဟောင်းတွေ ပြန်ပြန်ဆွလေရဲ့ ...
နာကျင်ခဲ့တဲ့ ဒဏ်ရာတွေအတွက်
မသိသလို မျက်နှာလွှဲလေရဲ့ ...
ကြာတော့လဲ ...
ငါ့စိတ်ကတောင် ငါ့ကိုနားမလည်တော့တာ
တစ်ယောက်ယောက်များ နားလည်ပေးဖို့
ငါက တောင်းဆိုချင်သေးတာ
ကမ္ဘာကြီးက ရယ်တာပေါ့ ....
by ...DecemberCinderella
Saturday, October 18, 2008
မသိကိန်းများ
Subscribe to:
Post Comments (Atom)
1 comment:
အခက်ဆုံးအလုပ်တစ်ခုက
သဘောကျတဲ့ အဲ့ဒီအတွေးတွေကို
လက်တွေ့ဘ၀ထဲရောက်လာအောင်
ငါ မစွမ်းဆောင်နိုင်ခြင်းပါပဲ ...
ခံစားခဲ့ရတဲ့ အတိတ်က ကြေကွဲမှုတွေကို--
ကဗျာအနုပညာတွေ --အဖြစ်
ဖန်တီးလိုက်စမ်းပါ---
စင်ဒရဲလားရေ----
Post a Comment