နူးညံ့သိမ်မွေ့လွန်းတဲ့
ချစ်ခြင်းရဲ့ သံစဉ်တစ်ခုအတွက်
သူ့ကိုယ်သူတောင် မခင်တွယ်တတ်တဲ့ နှလုံးသားက
ဆန္ဒတစ်စုံနောက် တကောက်ကောက်လိုက်ရင်း
မင်းနင်းလျှောက်သွားဖို့ လမ်းတစ်စုံ
မာနအကုန် ခ၀ါချ ခင်းပေးလိုက်လေရဲ့ ...
မထားခဲ့နဲ့တော့ ချစ်သူ
ဝဋ်ကြွေးတစ်ခုလို ပေးဆပ်ရတာကို
နေသားကျနေတဲ့ ငါက
ဒီဘ၀ထဲက လွတ်မြောက်သွားရင်တောင်
နေတတ်တော့မှာ မဟုတ်လို့
သက်ရှိရုပ်တုဘ၀နဲ့ပဲ
မင်းရဲ့ဘေးနား ခစားပါရစေ ....
by ...DecemberCinderella
(for the remembrance of September'6)
Monday, October 6, 2008
နေပါရစေ ...
Subscribe to:
Post Comments (Atom)
2 comments:
ကဗျာလေးက ပေးဆပ်သူရဲ့ နှလုံးသားကို ပေါ်လွင်စေတယ် အစ်မရေ
အရမ်းကောင်းတယ် ..
အစ်မ ကဗျာဆရာမပဲ လုပ်စားတော့ :P
အားးး ကောင်းလိုက်တဲ့ ကဗျာ.. ထိတယ်ဗျာ..
Post a Comment