မှန်းဆလို့ မလွမ်းပါနဲ့ ချစ်သူ
အေးအတူပူအမျှ
နှစ်ယောက်တဘ၀ထဲက
နှုတ်ဆက်လက်ပြသွားသူက 'မင်း'
လွမ်းချင်းတွေ အဆုံးမသတ်တတ်သူ 'ငါ'
ဇာတ်သိမ်းခန်းကို မင်းစိတ်တိုင်းကျဖြစ်ဖို့
ပုံရိပ်ဟောင်းတွေ ဇွတ်မေ့ပစ်ရသူပါ ....
မတမ်းတသင့်တော့ပါဘူးလေ
မာနတွေ ယှဉ်ပြိုင်ကြတဲ့ပွဲမှာ
နှလုံးသားက ဓားစာခံဖြစ်ခဲ့သလို
ဘ၀တွေလဲ ခြားသွားခဲ့ပြီပဲ ............
by ...DecemberCinderella
Saturday, October 11, 2008
အယူခံဝင်ခွင့်မရှိ
Subscribe to:
Post Comments (Atom)
3 comments:
လွမ်းချင်းတွေရှည်.....။
အေးအတူပူအမျှ
နှစ်ယောက်တစ်ဘ၀နေ
အခုတော့...ကြွေနေပြီပေါ့လေ...။
နွေရက်တွေရှည်....။
ကြွေရွက်တွေ မြေမှာ ခလေရဲ့
တမ်းတနေ ရင်မှာလွမ်းနေလဲ
ဘ၀တွေ ခြားသွားခဲ့ပြီပဲ...။
ကြွေကွဲစရာ ဇာတ်လမ်းလေး တစ်ပုဒ်ပါလား
မာနဆိုတာ တစ်ကယ်တမ်းတော့ လူကို ဖျက်ဆီးတတ်တဲ့ အကြီးမားဆုံးရန်သူပဲလေ ..
အပါးပါး။။။။။ စာလုံးတွေ အရမ်းထက်နေပါလား... အားယူလျက်ပါ :D :P
Post a Comment