မုန်းတယ် ...
အသုံးချတယ်ပြောရအောင်
မင်းက ဘယ်လောက်တောင်နစ်နာသွားလို့လဲ ???
စကားတွေနဲ့ အကြိမ်ကြိမ်သတ်ခံရတဲ့ဘဝ
မင်းသံသယတွေအောက်မှာ
ပြာယာခတ်အောင် ဖြေရှင်းခဲ့ရတဲ့ဘဝ
ကိုယ့်ဆန္ဒဆိုတာတွေ
အဘိဓါန်က လုံးဝထုတ်ပယ်ပစ်ရတဲ့ဘဝ
မျက်ရည်တွေနဲ့
အရောင်တွေစွန်းထင်းခဲ့တဲ့ည
မနက်ဖြန်ဆိုတဲ့နေ့တွေက
သက်ပြင်းချသံပေါင်းများစွာနဲ့ မလှမပ ...
ပြောစမ်းပါ ..ဒီဇာတ်လမ်းမှာ
မင်းက ...ဘာတွေနစ်နာခဲ့တာလဲလို့ .....
တော်ပါတော့ ..အရမ်းချစ်တယ်ဆိုတဲ့စကား
ခါးသီးလွန်းတဲ့ ဝေဒနာတွေအတွက်
ဖြေဆေးတစ်ခွက် မဟုတ်တော့လို့ပါ ...
by ..DecemberCinderella
Saturday, October 25, 2008
အဆိပ်ခွက်
Subscribe to:
Post Comments (Atom)
3 comments:
တော်ပါတော့ ..အရမ်းချစ်တယ်ဆိုတဲ့စကား
ခါးသီးလွန်းတဲ့ ဝေဒနာတွေအတွက်
ဖြေဆေးတစ်ခွက် မဟုတ်တော့လို့ပါ ...
ကောင်းလိုက်တာ.. အစ်မရေ...
ဒီစကားနဲ့ အကြိမ်ကြိမ် သေနေတာ
ဘယ်လောက်ကြာနေပြီဆိုတာ သိစေချင်တယ်....
"အရမ်းချစ်တယ်ဆိုတဲ့စကား
ခါးသီးလွန်းတဲ့ ဝေဒနာတွေအတွက်
ဖြေဆေးတစ်ခွက် မဟုတ်တော့လို့ပါ ..." အေးအေးလေးနဲ့ အတော်ပြင်းထန်တဲ့ စာတန်းတွေ.. ကောင်းတယ်ဗျို့ ဖြေဆေးကောင်းကောင်းလေးတွေ့ပါစေ
ရန်တွေ့ကောင်းတဲ့ ကောင်မလေး......
Post a Comment