အချစ်နဲ့ဘ၀က
ဘယ်တုံးကမှ ထပ်တူမကျခဲ့ဘူး ..
ဒါပေမဲ့
ချစ်တတ်သူတွေရဲ့ အိပ်မက်တွေနဲ့
မျှော်လင့်ချက်နဲ့အသက်ရှင်ခြင်းတွေက
အမြဲထပ်တူမျှနေခဲ့တာ
သဘာဝရဲ့ အလှအပတစ်ခုပေါ့ ...
မင်းမရှိရင်မဖြစ်ဘူးလို့
အပိုတွေ မဟစ်ကြွေးပါဘူး ..
ချစ်သူတွေရဲ့ မနက်ဖြန်တွေနဲ့
အသက်ရှင်နေတဲ့ မျှော်လင့်ချက်တွေကို
အသက်ဝင်စေဖို့ ဆန္ဒတစ်စုံကြောင့်သာ
ငါ့ဘ၀ ..မင်းရှိမှဖြစ်မယ်လို့ ၀န်ခံချင်တာပါ ...
ယုံချင်မှယုံပါကလေးရယ်
မင်းနဲ့ စတွေ့တဲ့နေ့ကတည်းက
ညီမျှခြင်းရဲ့ တခြားတဖက်မှာ
အဖြေဟာ 'မင်း' ဖြစ်နေခဲ့တာကို
အလိုလိုရှာဖွေတွေ့ရှိပြီးတဲ့နောက်
တစ်ယောက်တည်း လိုအပ်ချက်တွေနဲ့
ညီမျှခြင်းရဲ့တဖက်မှာနေခဲ့ဖို့
ငါ့သတ္တိတို့ ပျောက်ဆုံးသွားခဲ့ပြီ ....
by ...DecemberCinderella
Thursday, October 23, 2008
ငါ = မင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment