ံHappy Friday Night ဆိုတော့ စိတ်အေးလက်အေးနဲ့ တပတ်စာအလွဲများကို ရေးလိုက်ပါဦးမယ် ..တကယ်ပါ... SSt တို့က လွဲရမဲ့နေရာဆို No Two ..... မနက်ခင်း အိပ်ယာထနည်းနည်းနောက်ကျသွားလို့ ဖယ်ရီကြိုမဲ့နေရာကိုရောက်ဖို့ ၁၀ မိနစ်လောက် ထပ်နောက်ကျပါတယ် ..
အဲ့ဒါနဲ့ အဲ့ဒီနေရာမှာ အမြဲစောရောက်နှင့်ပြီး မနက်စာစားနေကျ Singaporean တစ်ယောက်ဆီ ဒီလို SMS ပို့လိုက်ပါတယ် .. "Plz w8 4me, i m on the way" ...လို့ ....စောင့်နေရှာပါတယ် ..ဒါပေမဲ့ ကားပေါ်လဲရောက်ရော .."hey ...What w8 stands for?, I don't understand" တဲ့ ..သေစမ်း ...ကလေးအထာတွေ သွားလုပ်မိတာ ...အဲ့ဒါနဲ့ ပြုံးဖြီးဖြီးနဲ့ တောင်းပန်လိုက်ရတယ် ..နောက်ဆို လူကြီးတွေကို သွားပြီး ကလေးလိုလို ....လိုလိုနဲ့ online က short cut စကားတွေရှောင်မှ ..ရှောင်မှ ။ မဟုတ်ရင် ရုံးကို Taxi နဲ့ပြေးနေရမယ် ..
နေ့ခင်းဘက်ကျတော့ Reception မှာ တာဝန်ခဏကျလို့ရောက်နေတုံး ထမင်းစားချိန်မှန်းမသိ ဘာမှန်းမသိ အမှာဝင်လာတာနဲ့ လက်ခံလိုက်ပါတယ် .. နောက်တော့ အဲ့ဒီ message ကို CSD ကို ပြန်ပြောတော့ ..သူက မေးတယ် ..ဘယ်သူလဲ ..ဘယ်နေ့ လိုချင်တာလဲတဲ့ ...ကောင်းပါတယ် ..SSt တို့ကတော့ လုပ်ချလိုက်တာ ..Customer ကို ကုမ္ပဏီနာမည်ပဲ မှတ်ထားလိုက်တယ် ..နာမည်လဲ မမေး ၊ ဘယ်တော့ပို့ရမှာလဲ မမေး ။ တော်သေးတာပေါ့ ...CSD က ခဏတာဝန်ကျတဲ့သူမှန်းသိလို့ ဘာမှမပြောတာ။ မဟုတ်ရင်သေဦးမယ် ...
ကိုယ့်အလုပ်နေရာကိုယ်ပြန်ရောက်တော့ မနက်ခင်းက Suppliers ကို Shipping Schedule တွေ မေးထားတဲ့ အီးမေလ်းကို မန်နေဂျာဆီ cc: ပို့ထားတာအတွက် မန်နေဂျာကခေါ်ပါရော ...အဲ့ဒီမှာတင် အီးမေလ်းထဲက "I" တွေ "Me" တွေ အတွက် မန်နေဂျာက ကျွန်မတို့ ကုမ္ပဏီရဲ့ Culture and Practice တွေကို ပြောပြပါတယ် ..ကုမ္ပဏီကို အမြဲ ကိုယ်စားပြုတဲ့အနေနဲ့ ( cc: ) ပါတဲ့ မေလ်းတွေဆိုရင် ဘယ်တော့မှ i, me မသုံးဖို့ .. အမြဲ we, us, our သုံးဖို့ ခေါ်ရှင်းပြတယ် ..ဒါကတော့ တကယ့်ကို တလေးတစားမှတ်ထားရမဲ့ E.mail Etiquette တစ်ခုပါ .. သူ့ကို ငါမှတ်ထားပါ့မယ် လို့ တရိုတသေပြောတော့ ..မဟုတ်ပါဘူးတဲ့ ..individual အနေနဲ့ နင့်ဘာသာနင် တစ်ယောက်ချင်းစီရေးတာ ပြဿနာမရှိပါဘူးတဲ့ ..ငါက တော်ကြာ ငါတို့ boss ဆီကို cc: ပါမဲ့အချိန်မျိုးမှာ နင်သတိထားရအောင်လို့ပါတဲ့။
ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ် ..သူ့ကို ..သူ့ကြောင့် SG ရောက်မှ အင်္ဂလိပ်စာ အရေးရော အပြောရော ပိုတိုးတက် လာပါတယ် ။ အဓိကက ကျွန်မတို့ Purchasing က Liaise လုပ်ရတာတွေများလို့ စကားပြောရမှာ Diplomatic ဖြစ်ရမဲ့ အချိန်ဖြစ်ရသလို၊ တခါတလေ Suppliers တွေကြားမှာ ဈေးမလျှော့လျှော့အောင် ဟိုဘက်တစ်မျိုး ဒီဘက်တစ်မျိုး မရိုးရအောင် မာယာသုံးပြီး ပြောရတာတွေလဲ ရှိတယ် ...တခါတလေ Quotation သာ ခဏခဏတောင်းနေတယ် ..အချိန်တန်လို့ response မပေးတော့ supplier က ကိုယ့်ကို လှမ်းမေးတဲ့အခါ နောက်ထပ်တစ်ခါ ပေးချင်စိတ်ရှိအောင် ပြောရဆိုရတာတွေ ..သူ့ဆီကနေပဲ မသိမသာ သင်ခဲ့ရတယ်..
ဒါတွေထားပါတော့ ..ညနေရောက်လို့ ရုံးဆင်းခါနီးမှ ..Sales မန်နေဂျာက ခေါ်လို့သွားရတယ် ..အဲ့ဒီကျမှ ..တကယ့် တိုင်နဲ့ခေါင်းနဲ့ ဆောင့်သေရမဲ့ အလွဲကြီး။ သူက နေမကောင်းဖြစ်နေတဲ့ သူ့ Customer/ Company Director တစ်ယောက်ဆီကို သစ်သီးခြင်း ပို့ထားတာ.... ကျွန်မက Purchase Order ရဲ့ Remark မှာ ...Wreath requested by Sales လို့ ရေးထားတယ် ...သေလိုက်ပါ ....
SSt ... နင်တော်တော်များနေပြီ ။။ Speedy Recovery မြန်မြန်နေကောင်းဖို့ မျှော်လင့်ပါတယ် ဆိုတဲ့ သစ်သီးခြင်းမျိုးကိုမှ ...နာရေးက ပန်းခြင်း Vocabulary နဲ့မှားရေးရတယ်လို့ .... Purchase Order ရဲ့ အပေါ်ဆုံး White Copy က Customer ဆီပို့မှာ ..အဲ့ဒီစာရွက်က ဘယ်တော့မှ Remark မရေးရလို့ .. SSt တို့ ကံကောင်းသွားတာ ...မဟုတ်ရင် အလုပ်ပြုတ်မဲ့ကိန်းပဲ ...Sales Manager ကို "Thanks for correcting my mistake, I'll be very very careful next time" လို့ မျက်နှာငယ်လေးနဲ့ ပြောပြီး ပြန်ထွက်လာတော့ ပူထူနေတဲ့ မျက်နှာကို ဘယ်နားသွားထားရမှန်းမသိဘူး ...
တလက်စတည်းအရမ်းကြောက်နေတာက ..အဲ့ဒီ ဒါရိုက်တာကြီး တခုခုဖြစ်သွားမှာကိုပဲ ..အဲ့ဒီအခါကျရင် အယူသီးတဲ့ တရုတ်တွေက ကျွန်မရဲ့ နိမိတ်မကောင်းတဲ့စာတန်းကြောင့်လို့ ပြောတော့မှာ ..ဘုရားရေ ...သူမဖြစ်ပဲ ..ငါပဲဖြစ်လိုက်ပါတော့လား ....သေချင်တယ် ..
ကဲ ..ဘယ်သူတွေကများ Singaporeans ကို English မကောင်းဘူးလို့ ပြောလိုက်ပါသလဲ ...Pronunciation သာ မကောင်းရင် မကောင်းမယ်။ Grammar, Sentence, Vocabulary မှာ ကျွန်မတို့လို အမြဲထိတွေ့မနေခဲ့ရတဲ့ နေရာတစ်ခုကလာသူတွေနဲ့တော့ ဘယ်လိုမှ ယှဉ်လို့မရပါ ... သူများတွေတော့ မသိပါ။ ကျွန်မကတော့ ဒီအလုပ်ကိုရောက်မှ၊ ဒီရာထူးကိုရမှ ...ကျွန်မရဲ့ English သိသိသာသာ တိုးတက်လာပါတယ် ...Singaporeans ကို English မကောင်းဘူးလို့ တစ်ယောက်ယောက်က ပြောလာခဲ့ရင် ..... ကျွန်မကတော့ အမြန်ကန့်ကွက်မှာပဲ ။ တကယ် .. ...
By ...DecemberCinderella
Friday, October 24, 2008
အလုပ်စားပွဲမှ အလွဲများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment