"December" မှာ
လက်စွပ်ပြန်အပေးခံရတဲ့ မိန်းကလေးတစ်ယောက်
မင်းဘ၀ထဲက ပျောက်ကွယ်သွားတာ
ဘာမှ ....မဆန်းပါဘူး ကောင်ကလေးရယ် ...
ကိုယ်ဟာ ..ဘယ်သူ့အတွက်မှ
တမ်းတချင်စရာကောင်းတဲ့သူလဲ မဟုတ်ခဲ့ဘူး ။
"New Year Eve" မှာ
ငါ့ဘ၀ထဲက မင်းထွက်သွားတော့လို့
ရက်စက်စွာအပြောခံရဖူးသူတစ်ယောက်
ရန်ကုန်မြေကပျောက်ကွယ်သွားတာ
ဘာမှ ..မကြာသေးပါဘူး ကောင်ကလေးရယ် ..
ဘယ်လိုပဲဖြစ်ဖြစ် ..ကိုယ်ဟာ ..
လွမ်းလောက်စရာလူလဲ မဟုတ်ခဲ့ပါဘူး ။
"August 15" မှာ
မွေးနေ့ဆုတောင်း E.Card ကို
အငြင်းပယ်ခံရတဲ့သူတစ်ယောက်
Online ပေါ်က ပျောက်ကွယ်ခဲ့တာ
ဘယ်သူမှ ၀မ်းမနည်းပါဘူး ကောင်ကလေးရယ် ..
တကယ်တော့လဲ ..ကိုယ်ဟာ
ပြန်ငဲ့ကြည့်ချင်စရာကောင်းသူတစ်ယောက်
တကယ့်ကို မဟုတ်ခဲ့ပါဘူး ။။။
Thursday, October 2, 2008
ဆိုင်သူမရှိသော နေ့စွဲများ
Subscribe to:
Post Comments (Atom)
2 comments:
အဖြစ်အပျက်လေးကို ပေါ်လွင်စေတယ်ဗျာ
ကဗျာလေး အရမ်းကောင်းပါတယ်
အားပေးပါတယ်ဗျာ ..
ဆက်လက်ပြီး အများ ကြီး ရေးသားနိုင်ပါစေဗျာ ..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ
စာသားလေးတွေ က ဖတ်လို့ အရမ်းကောင်းတယ်နော်... ခံစားရတယ်... တကယ်ပါပဲ... ရင်ထဲထိတယ်....
Post a Comment