ရွှေတွေ ငွေတွေ ကိုယ်မလိုပါဘူး
အားငယ် လာရင်.မှီစရာ
ပုခုံးစွန်းလေး တစ်ခုဘဲ လိုတယ်။
![]() |
ဝမ်းနည်းခဲ့ရင်.ပါးအပ်တင်စရာ
ရင်ခွင်လေး တစ်ခုဘဲ လိုတယ်။
ဂုဏ်ပကာသန စည်းစိမ်တွေ ကိုယ်မလိုပါဘူး
ပင်ပမ်းလာရင်.အုံးစက်စရာ. ညာလက်မောင်းကလေး တစ်ခုဘဲ လိုတယ်။
ရွှေမှုန်ကြဲ အလှအပတွေ ကိုယ်မလိုပါဘူး
ကိုယ် ပြိုလဲခဲ့ရင်.
လှမ်းထူ မဲ့ လက်ကလေးတဖက်ဘဲ လိုတယ်။
ဘ၀ဆိုတဲ့ အရာ သုညက ပြန်စ
ဘယ်လောက်ဘဲ ကြမ်းကြမ်း ကိုယ်မကြောက်ရွံ့ ပါဘူး
ကိုယ် ကို သက်သေပြမဲ့
မင်းရဲ့ ဖြူစင်တဲ့အချစ်ဘဲ လိုတယ်။
အချစ်ရယ်..ဖြစ်နိုင်မလား..
မင်းနဲ့ ဒို့ တဘ၀တာ..
တူတူ နေသွားကြမဲ့..
အချစ်တာဝရ ခိုင်မြဲသစ္စာ။

4 comments:
ရိုးစင်း ရိုးသားတဲ့ လိုအပ်ချက်လေးတွေကို ဖော်ကျူးသွားတဲ့ ကဗျာလှလှလေးကို ကြည်ကြည်နူးနူး ဖတ်သွားပါတယ်...း)
ကဗျာလေးကိုတော်တော်သဘောကျပါတယ်။
အားပေးနေပါတယ်ခင်ဗျာ။
အစ်မရေ...... ကဗျာကကောင်းတယ်။ အစစ်အမှန်တွေကို ပိုင်ဆိုင်ရဖို့အတွက် အချစ်မှာမာနဆိုတာ မရှိသင့်တဲ့အရာပါ။ ချစ်တဲ့သူနဲ့ပျော်နိုင်ပါစေ.........
မင်းကလွဲရင် ကိုယ်ဘာမှမလို ဒါပေမဲ့ ယုံကြည်ချက်လေးတော့ပေးပါ :P ချစ်နေနိုင်လိုက်တာနော်....
Post a Comment