အိပ်မက်တွေ
ယောင်ပြီး လွှတ်ချမိလိုက်သလား
ငါ သေချာမသိဘူး
မှတ်မိတာတစ်ခုကတော့
အတိတ်တွေကို မလိုချင်တတ်တဲ့ ငါ ..
၂၀၀၄ ထဲမှာပဲ တ၀ဲလည်လည်ဖြစ်နေတယ် …
မကျေနပ်ဘူးဆိုရင်တောင်
ဘာတွေကိုလဲ ကိုယ့်ကိုကိုယ်မေးတော့
အ’ သူခံကြေးတဲ့ ..
သူကအဖြေပေးတယ် ….
အဲ့ဒါခက်တာပေါ့
ငါက နဂိုကမှ ထုံလွန်းလို့
အကုန်ပုံပြီး ယုံခဲ့ဖူးသူ …
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့
အတူပြုခဲ့ဖူးတဲ့ ဒါနတစ်ခုရဲ့ ရေစက်က
ဒီသံသရာမှာတင် ရပ်ရင်တော်ရဲ့ …..
မဟုတ်ရင် .. မျှော်လင့်ချက်ကြီးလွန်းသူ ငါ
သူ့လက်စားချေမှုတွေအောက်မှာ
သိသိကြီးနဲ့ အနစ်မွန်းခံဦးမှာ သေချာတယ် …
Saturday, November 22, 2008
2004 VS 2007
Subscribe to:
Post Comments (Atom)
6 comments:
လက်စားချေမှုတွေအောက်ကနေ သူငယ်ချင်း လွတ်မြောက်ပါစေဗျာ ... ။
ဘာရို့ရဲ
း(
ဘာကိုမြှေ့ကာက်မနေနဲ့..
တည့်တည့်သာတိုးပြီးရင်ဆိုင်ပစ်လိုက်ပါဗျာ..
ကဗျာလေးတွေက တကယ်အတွေးအခေါ်လေးနဲ့
ဖြစ်ရပ်မှန်လေးတွေပဲနော်...ကောင်းတယ်အမရေ...
Invisible ဖြစ်တာ offline ကတက်လို.ဖြစ်မယ်ဗျို.။
အင်း.... ကောင်းပါတယ် အရေးအသားလေးတွေ
Post a Comment