ပုံပြင်လေးတစ်ပုဒ်ပြောပြပါရစေ ...
တနေ့မှာ ကျောင်းသားတစ်ယောက်နဲ့ သူ့ကို သူငယ်ချင်းပေါင်းပေါင်းတဲ့ Professor တစ်ယောက်က လမ်းလျှောက်လာတုံး ..
လမ်းကြားလေးတစ်ခုအရောက်မှာ လယ်သမားတစ်ယောက်ရဲ့ အင်္ကျီနဲ့ လယ်ရှည် ဖိနပ်တစ်ရံ ချွတ်ထားတာကို တွေ့ရပါတယ် ..
မလှမ်းမကမ်း လယ်ကွင်းမှာ အလုပ်လုပ်နေတဲ့ လယ်သမားတစ်ယောက်ရဲ့ ပစ္စည်းတွေပေါ့ ..
လယ်သမားကြီးကို စချင်တဲ့ ကျောင်းသားလေးက "ငါတို့ သူ့ဖိနပ်ကို ဖွက်ထားကြည့်ရအောင် ..သူဘယ်လိုနေမလဲလို့" ..ဆိုပြီး
ဆရာ့ကို အဖော်စပ်တော့ ..ဆရာက ...
'သူငယ်ချင်း ...မရှိဆင်းရဲသားတွေကို ဒီလိုမျိုးနည်းနဲ့ ပျက်ရယ်မပြုသင့်ဘူး။ အထူးသဖြင့် သူတို့ရဲ့ ရှားပါးပိုင်ဆိုင်မှုလေးတွေအပေါ်
မင်းတို့လို တတ်နိုင်တဲ့ လူတန်းစားတွေက ..အနိုင်မကျင့်သင့်ဘူး' ...လို့ ပြောပြီး " အဲ့ဒီလိုလုပ်မဲ့အစား မင်း သူ့ရဲ့ ဖိနပ်တစ်ဘက်စီမှာ
ဒင်္ဂါးတစ်ပြားစီ ထည့်ထားလိုက်ပါ ..သူ ဘယ်လိုနေမလဲ ငါတို့ကြည့်ရအောင် " လို့ တိုက်တွန်းလိုက်ပါတယ် ...
အဲ့ဒီလိုနဲ့ ဆရာ့အကြံအတိုင်း ကျောင်းသားလေးက ဖိနပ်တစ်ဘက်စီမှာ ဒင်္ဂါးတစ်ပြားစီထည့်ပြီး လယ်သမားကြီးကို မမြင်ကွယ်ရာတစ်ခု ကနေ စောင့်ကြည့်နေကြပါတယ် ...
လယ်သမားက သူအလုပ်ပြီးလို့ ပြန်လာတဲ့အချိန်မှာ သူ့ဖိနပ်ကို ကောက်စွပ်တော့ ခပ်မာမာအရာတစ်ခုကို သူ့ခြေထောက်က စမ်းမိတာနဲ့ ဖိနပ်ကို ယူကြည့်လိုက်တာ ..ဒင်္ဂါးတစ်ပြားကို သွားတွေ့တယ် ..ဘေးပတ်ဝန်းကျင်ကို ကြည့်တော့လဲ ဘယ်သူမှမတွေ့ဘူး။ အဲ့ဒါနဲ့ သူက အဲ့ဒီ ဒင်္ဂါးကို အိတ်ကပ်ထဲ သိမ်းလိုက်ပြီး နောက်ဖိနပ်တစ်ဘက်စီးတော့ နောက်ထပ် ဒင်္ဂါးတပြားကို ထပ်တွေ့တယ် .. အံသြမှုနဲ့ ၀မ်းသာမှုက လယ်သမားရဲ့ မျက်နှာပေါ်မှာ အထင်းသားတွေ့လိုက်ရတယ် ...နောက်တော့ သူဘာဆက်လုပ်လဲဆိုတော့ ...
ဒူးထောက်ထိုင်ချ၊ ပြီးတော့ ကောင်းကင်ကို မော့ကြည့်ပြီး မျက်ရည်တွေနဲ့ သူအကျယ်ကြီး ကျေးဇူးတင်စကားဆိုတယ် ..
"အခု ဘယ်နေရာက ရောက်လာမှန်းမသိတဲ့ ၊ ဘယ်သူ့ရဲ့ ကူညီစောင်မမှုမှန်း မသိရတဲ့ ဒီဒင်္ဂါးတွေဟာ နာမကျန်းဖြစ်နေတဲ့ ကျွန်ုပ်ရဲ့ ဇနီးသည်နဲ့ ၊ ဆာလောင်မွတ်သိပ်နေတဲ့ ကျွန်ုပ်ရဲ့ ကလေးတွေနဲ့အတူ ကျွန်ုပ်ကို ဒုက္ခဆင်းရဲမှ ကယ်တင်လိုက်ခြင်းပါပဲ ။ ကျေးဇူး ကြီးမားလှပါတယ်" လို့ အော်ပြောလိုက်ပါတယ် ..
ဒီမြင်ကွင်းကို မြင်ရတဲ့ ကျောင်းသားလေးဟာ မျက်ရည်တွေနဲ့ ကြည်နူးနေပါတယ် ..
ဆရာက ကျောင်းသားလေးကို ပေးဆပ်မှုကြောင့်ဖြစ်လာတဲ့ ပီတိနဲ့ ရယူမှုကြောင့်ဖြစ်လာတဲ့ အပျော်ကို ခွဲခြားသိတတ်မှု သင်ပေးလိုက်ပါတယ် ...
ကဲ ..ပုံပြင်လေးရဲ့ အဆုံးက ဒီစာလေးကိုတော့ မူရင်းအတိုင်းပဲ ...တင်လိုက်တယ်နော် ..
If you want happiness .....
For an hour, take a nap
For a day, go fishing
For a year, inherit a fortune
For many years, love someone
For a lifetime, help someone ...................
by ...DecemberCinderella
Saturday, November 1, 2008
တသက်စာပီတိ
Subscribe to:
Post Comments (Atom)
7 comments:
တစ်သက်စာပီတီ ပိုစ့်ကလေးကို ဖတ်မိအပြီးမှာ
ဆရာနဲ့ ကျောင်းသားလေးတင်မက ပဲ
ကျွန်တော်ပါ ကြည်နှုးပီတိကို ခံစားရပါတယ်။
“ပေးဆပ်မှုကြောင့်ဖြစ်လာတဲ့ ပီတိနဲ့ ရယူမှုကြောင့်ဖြစ်လာတဲ့ အပျော်ကို ခွဲခြားသိတတ်မှု သင်ပေးလိုက်ပါတယ်”
သိပ်သဘောကျမိတဲ့နေရာလေးပါ။
ရည်ရွယ်ချက်ကောင်းလွန်းလှပြီး သိပ်ကိုအကျိုးများတဲ့ ပိုစ့်ကလေးကို
ဖတ်ရအောင် ရေးသားတင်ပြပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားစွာဖြင့်
ဟုတ်တယ်ဗျာ ၊၊ ဖေမြင့်ရဲ့ နှလုံးသားအဟာရ စာအုပ်တွေထဲ က " ယူခြင်းအရသာ ထက် ပေးခြင်းကြောင့်ရတဲ့ ပီတိ ကပိုချိုမြိန်လှတယ်" ဆိုတဲ့ စာသားလေးကို အမှတ်ရမိတယ် ၊၊ ကောင်းပါတယ်ဗျာ ၊၊
ကောင်းတယ်
မစင်ဒရဲလားရေ
တစ်သက်စာ ပီတိပါပဲ။
အရမ်းကောင်းတယ်ဗျာ။
အမှတ်တမဲ့မှသည် အမှတ်တရသို့..........
ပျော်သဘောသည် ပြောင်းလဲမှုတစ်ခုသို့...........
လူတွေကိုနောက်တာပြောင်တာ စိတ်ဒုက္ခရောက်အောင် မနောက်မိပါစေဖို့ အရေးကြီးပါတယ်ဗျာ။
:-) thanks!
ကောင်းတယ်ဗျာ ..
မနေ့က ကတည်းက ကွန်မန့်ပေးဖို့ပါပဲ
အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှပဲ ကွန်မန့်ရေးနိုင်တော့တယ် ..
အသိပညာလေး တစ်ခုအတွက် ကျေးဇူးပါဗျာ
ကဲ တစ်သက်တာ ပီတိဖြစ်အောင် လိုက်ကူညီပါ့မယ်ဗျာ ကောင်းပါပေ့
Post a Comment