Thursday, November 6, 2008

ယုံကြည်ထားသော..ချစ်ခြင်းတရား ..


မောင်လေး သီဟညိမ်း က အစ်မရဲ့ အချစ်ကို ခံယူတဲ့ အမြင်ကို ပြောပြပါလို့ တောင်းဆိုတာက တကြောင်း၊ မှတ်မှတ်ရရ နှစ်လပြည့် အထိမ်းအမှတ် ဖြစ်တာ တကြောင်း ...အကြောင်းကြောင်းကြောင့် ...ဒါကို ရေးဖြစ်ပါတယ်။ ကျွန်မ ယုံကြည်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ...

- တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က စာနာ နားလည် ခွင့်လွှတ် ပေးပြီး ..အားသာချက်တွေကိုလဲ ကူညီဖြည့်ဆည်းမြှင့်တင် ပေးနိုင်တဲ့ အရာဖြစ်တယ် ...

- သူ့ရဲ့ ဘ၀လေးကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားစွမ်းဆောင်ပေးလိုက်ပါ .... ဒါပေမဲ့ မျှော်လင့်ချက်တွေကိုတော့ နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ထားနိုင်တဲ့ အရည်အချင်းရှိရမယ် ...

[ကိုယ်ပေးဆပ်သလောက် ကိုယ်ပြန်ရရမယ်လို့ မျှော်လင့်ထားမိပြီး ဖြစ်မလာတဲ့အခါ သူ့အပေါ် ငြိုငြင်မိမှာစိုးလို့ပါ ..]


- ဘယ်အချိန်မှာ မဆို ..သူ ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် ..သူ့ဘ၀ရဲ့ အကောင်းအဆိုး ကို သူနဲ့အတူ မျှဝေယူနိုင်တဲ့ သတ္တိမျိုး ပိုင်ဆိုင်ရမယ် ..

အဲ့ဒါ ..ကျွန်မ ယုံကြည်တဲ့ ချစ်ခြင်းတရားပါပဲ ..

by ...DecemberCinderella

( It depends on individual ... လူတစ်ယောက်နဲ့ တစ်ယောက် အချစ်ကို ရရှိပုံခြင်းမတူသလို ခံယူချက်ခြင်းလဲ ထပ်တူမျှဖို့ မမျှော်လင့်ပါ။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်သလို ...လွတ်လပ်စွာ ဝေဖန်ပေးနိုင်ပါတယ် ..)

3 comments:

Anonymous said...

ရေးပေးတာကျေးဇူးတင်ပါတယ်အမ
ခံယူချက်လေးကောင်းတယ်
ရေးသားထားတဲ့အမြင်လေးကောင်းတယ်
ကျေးဇူးတင်ပါတယ်အမ

Anonymous said...

အချစ်ပေါ် သူငယ်ချင်းရဲ့ မှတ်ချက်လေးတွေ သိပ်ကောင်းပါတယ်ဗျာ။

Anonymous said...

တူတူပဲ!!!

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */