မင်းကို မြင်ချင်တဲ့ ငါဟာ
ကမ္ဘာပတ်ပြီး ရှာခဲ့တယ်
ငါ့ကို မမြင်ချင်တဲ့ မင်းက
အမြဲတမ်း Invisible ဖြစ်နေတယ် …
မင်းရှိမရှိ သိရဖို့
Off Record နဲ့ message ပို့ဖို့တောင်
ငါ့လက်တွေက ဟန်ဆောင်မကြိုးစားဘူး
ငါမလိုလားတဲ့ အဖြေတစ်ခုအတွက်
မျက်ရည်တွေကို သနားလို့လေ …
သွားလိုက်ပါ အဝေးဆုံး
မင်းဘယ်လောက်ပုန်းနိုင်မှာမို့လို့လဲ
တစ်ယောက်တည်း မြင်နေခွင့်ရဖို့
မျှော်လင့်ရှာတဲ့ မင်းအတွေးလေးကို
ငါ ..နားလည်ပေးချင်လွန်းလို့ပါ …
Leo လေးရေ
သံယောဇဉ်တွေ မကုန်သေးသရွေ့
ဒီလိုပုံစံနဲ့ မင်းရှောင်ပုန်းရတာ
စဉ်းစားတိုင်း ကိုယ်ချင်းစာပါတယ်
ဘာပဲဖြစ်ဖြစ် Internet ပေါ်မှာတော့
လွတ်လပ်စွာ လွမ်းခွင့်လေးတစ်ခု
မင်းဆုမတောင်းပဲ ငါ ဖြည့်ဆည်းပေးလိုက်တယ် ….
by ..DecemberCinderella
Sunday, November 23, 2008
ပုန်းရှောင်တတ်သူများသို့ ....
Subscribe to:
Post Comments (Atom)
3 comments:
အဲဒီလောက်အထိ မစွဲလမ်းပါနဲ့ဗျာ။
အိမ့်ကိုများ စောင်းရေးထားသလားထင်ရတယ်
အိမ်ဆိုလိုင်းပေါ်မှာဆို အမြဲကိုယ်ရောင်ဖျောက်တက်တယ်
ဘာလို့လဲ ဆိုတော့ ကောင်မလေးတွေက ရည်းစားစကား
လာပြောကြလို့လေ ဟိဟိ
အေးနော် ... သူငယ်ချင်း
တစ်ဖက်သား မခံစားရအောင် Always Idle လေးနဲ့တော့ ခဏဖြစ်ဖြစ် လှည့်ကြည့်သင့်ပါတယ်ကွာ .... အခုတော့ .... ။
ခင်မင်စွာဖြင့်
လွမ်းတာကိုပိတ်ပင်လို့တော့မရဘူးနော်အမ**
ကဗျာတွေက တကယ်ကောင်းတာပဲဗျာ**
မိုက်တယ်နော်**
Post a Comment