Saturday, November 15, 2008

ဆန့်ကျင်ဘက်များနှင့်ညီမျှခြင်း

ငါဟာ ..
ဒီနေ့လို အနေအထားကိုရောက်ဖို့
ဘ၀ကို ..သုညက မစခဲ့ရပေမဲ့
ဖြတ်လမ်းက လိုက်ခဲ့သူလဲမဟုတ်ဘူး …

အခြေအနေအရ
နေသာသလို နေခွင့်ရှိရင်တောင်
ဟန်ဆောင်မှုကို လက်မခံတတ်ဘူး …

ချစ်ခြင်းနဲ့မုန်းခြင်း
အဖြူအမည်း အသားရောင်ခြားနားခြင်း
အောင်မြင်ခြင်းနဲ့ ရှုံးနိမ်ခြင်း
မွေးဖွားခြင်းနဲ့ သေဆုံးခြင်း
တည်မြဲခြင်းနဲ့ ပျောက်ဆုံးခြင်း
ဆန့်ကျင်ဘက်တွေနဲ့ ညီမျှခဲ့တဲ့ လောကကြီးမှာ …

ငါဟာ
လိုချင်တာတစ်ခုအတွက်
အခက်အခဲတွေကို ကျော်ဖြတ်ရဖူးတယ် ..
ရလဒ်တွေအတွက်လဲ
ကျေနပ်ကြည်နူးခဲ့ဖူးတယ် ...
ပိုင်ဆိုင်ချင်တာတွေအတွက်
အရင်စွန့်လွှတ်ခဲ့ရဖူးတယ် …
ပိုင်ဆိုင်လာတာတွေအတွက်
ဝမ်းသာပျော်ရွှင်ခဲ့ဖူးတယ် …

ဘ၀ဟာ
ဘယ်အရာကိုမှ .. ဘယ်ခံစားမှုမျိုးမှ ..
အမြဲတမ်း အပြည့်အဝ
ခံစားရရှိစေခဲ့တာမဟုတ်ဘူးဆိုတာကို
လက်ခံထားတဲ့ငါ့အတွက်တော့
တခါတလေ မျက်ရည်ကျတတ်သလို
တတ်နိုင်သလောက် အပြုံးမပျက်ဖို့လဲ
ငါသင်ယူတတ်မြောက်ခဲ့ပါတယ် ..

By ..DecemberCinderella

6 comments:

Anonymous said...

မျက်ရည်များကြားက ပြုံးတတ်ဖို့ခက်သလို
အပြုံးတွေကြားထဲက မျက်ရည်စကိုလည်း ထိန်းသိမ်းရတာ သိပ်ခက်ပါတယ် သူငယ်ချင်း ... ။
ပျော်ရွှင်ပါစေ ...။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ကဗျာလေး လာဖတ်သွားတယ်။ ပျော်ရွှင်ပါစေ။

Anonymous said...

ငါဟာ ..
ဒီနေ့လို အနေအထားကိုရောက်ဖို့
ဘ၀ကို ..သုညက မစခဲ့ရပေမဲ့
ဖြတ်လမ်းက လိုက်ခဲ့သူလဲမဟုတ်ဘူး …

ဒီအပိုဒ်နဲ့ပဲရဲရဲဝံ့ဝံ့ ဘ၀ကိုစိန်ခေါ်ထားပါတယ်..
ပြီးတော့ဆန့်ကျင်ဘက်တွေကို
လက်ခံနားလည်ပေးပြီး..
ဘ၀ကိုအပြုံးလေးနဲ့ရင်ဆိုင်မယ်ဆိုတော့...
အကောင်းဆုံးပေါ့ဗျာ...

Anonymous said...

တခါတလေ မျက်ရည်ကျတတ်သလို
တတ်နိုင်သလောက် အပြုံးမပျက်ဖို့လဲ
ငါသင်ယူတတ်မြောက်ခဲ့ပါတယ် ..
အဲဒီစာသားလေးကောင်းတယ်အမရေ...
ကောင်းတယ်ဗျာ....

Anonymous said...

ရလဒ်တွေအတွက် အမြဲ ကျေနပ်ကြည်နူးနိုင်ပါစေ

Anonymous said...

နေသာသလို နေခွင့်ရှိရင်တောင်
ဟန်ဆောင်မှုကို လက်မခံတတ်ဘူး … ဒီစာတားတော့ အရမ်းကြိုက်

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */