စင်္ကာပူမှာ အခုတလောဖြစ်နေတဲ့ Recession ကြောင့် လုပ်ငန်းတွေမှာ အလုပ်သမားဝန်ထမ်း လျှော့ချမှုဖြစ်ပွားနေတယ်လို့ကြားတော့ ကိုယ်ကလဲ ကိုယ့်ကုမ္ပဏီမှာ အဲ့ဒါမျိုး ရှိမရှိ မသိမသာ စပ်စုစိန်လုပ်ရသေးတယ်…ရှိ၊ မရှိတော့ မသိ။ ကိုယ့်ကိုတော့ ဒီဇင်ဘာအထိတောင် အလုပ် Schedule တွေ ချထားပေးလိုက်တာ New Year Eve မှပဲ နားရမဲ့ပုံရှိတယ် ..အဲ့တော့ တွေးလိုက်ပါတယ် ..သြော် ပြုတ်ရင်လဲ ၂၀၀၉ မှပြုတ်မှာပဲ ..အေးဆေးပေါ့လို့၊ ဒါပေမဲ့ မအေးဆေးနိုင်တဲ့သူတွေအတွက်ကျတော့လဲ အေးဆေးပုံမပေါ်ဘူး။
ဟိုတနေ့ကပဲ SG Zoo မှာ ကျားတွေထားတဲ့နေရာကို သူ့ဘာသာခုန်ချသွားပြီး Suicide Commit လုပ်သွားတဲ့ မလေးတစ်ယောက် အကြောင်း ဖတ်လိုက်ရသေးတယ် ..နောက်ကွယ်က အကြောင်းရင်းမှန်ကို သိဖို့မလွယ်ပေမဲ့ Recession ကြောင့် Suicide တွေ ပိုများ လာဦးမယ်လို့ ခန့်မှန်းနေကြလေရဲ့ ….. ညရောက်တော့ အပြင်မထွက်ရ မနေနိုင် မောင်လေးတစ်ယောက်နဲ့ online မှာတွေ့တော့ …
‘သူ’ … အစ်မ မနက်ဖြန် ဘယ်သွားမှာလဲ
“သူမ” .. အစီအစဉ်မရှိ ။ နင်ရော?
‘သူ’ ...စီးပွားရေးမကောင်းဘူးလေ အစ်မရဲ့။ ဒီအချိန်ဟာ အပြင်ထွက်ဈေးပတ်ထားထက် အိမ်မှာငြိမ်နေသင့်တဲ့ အချိန်အခါမျိုး …
“သူမ” …သြော် ..အလင်းဝင်လာပြီပဲ ။
“Should have seen it’s coming, should have read the sign; Anyway, I guess this is over” ဆိုတဲ့ West Life သီချင်းကို ဆိုပြတော့ သူရယ်နေတယ် ..
“သူမ” … မနက်ဖြန်ကို မနက်ဖြန်အတိုင်းပဲ ထားလိုက်ပါ။ သူ့ဘာသာသူနေပါစေ။ ကိုယ့်ကိုကိုယ် သောကအဖြစ်မခံစမ်းပါနဲ့ .. အများနဲ့ ဖြစ်တာပဲ ..ဟုတ်ဖူးလား။
‘သူ’ … မပူပါဘူး အစ်မရာ။ လလယ်ရောက်လာလို့ပါ ..လစာထုတ်ရင် ထုံးစံအတိုင်း ပြန်လည်မှာပါပဲ. ဟီး ဟီး။ အစ်မမောင်အကြောင်း သိသားနဲ့ …
“သူမ” …သိပါတယ် ...ငါပြောပြမယ်ဟာ။ ပူနေတော့ရော ဘာလုပ်လို့ရမှာလဲ။ တကယ်လို့ လျှော့ချတဲ့အထဲ ပါရင်ရော....... မြန်မာပြည် ပြန်ရုံပေါ့။ ပြီးတော့ စီးပွားရေးကျဆင်းမှုဆိုတာလဲ နိုင်ငံတိုင်းဖြစ်နေတာပဲ။ တသက်လုံးဖြစ်နေမှာမှမဟုတ်တာ။ အခြေအနေကောင်း သွားရင် ပြန်လာ၊အလုပ်ပြန်ရှာပေါ့။ ကိုယ်က နာမည်ဆိုးနဲ့ ပြန်သွားရမှာမှမဟုတ်တာ။ Robotic Life ကနေ ခဏလွတ်မြောက်သွား တာပေါ့။
‘သူ’ …..ဒါပေမဲ့ မပြန်ချင်ဘူးလေ။ ဒီမှာနေပြီးမှ ဘယ်သူမှမပြန်ချင်ဘူး။ ပြီးတော့ စက်ရုပ်ဘ၀မှာပဲ နေသားကျနေပြီ ..
“သူမ” … နင်ထင်လို့ပါ။ ရေရှည်ကျတော့ အဲ့ဒီစက်ရုပ်ဘ၀ကြီးကိုပဲ နေ့စဉ်ရက်ဆက် ရလာတော့ နင်ငြီးငွေ့လာမယ်။ အပျော်တွေကလဲ (မြန်မာပြည်မှာတုံးကလို သူ့အလို အလျောက်ဖြစ်လာတာမျိုးမဟုတ်ပဲ) ဖန်တီးယူထားတဲ့ အပျော်တွေဆိုတော့ အစစ်အမှန် မဟုတ်။ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မှုမျိုးမှ မဟုတ်တာ။ ကြာတော့ ခံစားနိုင်မှာမဟုတ်တော့ဘူး။ ငါကတော့ ငါးနှစ်အလုပ်လုပ်ပြီးရင် ပြန်မှာ။ မြန်မာပြည်ပြန်ပြီး စာတွေရေးမယ်။ ဘ၀ကို ရိုးရိုးရှင်းရှင်းလေးပဲ နေထိုင်ဖြတ်သန်းရင်း ကိုယ့်နိုင်ငံမှာပဲ ကိုယ်သေမယ် ..
‘သူ’ … စောင့်ကြည့်တာပေါ့ဗျာ။ အဲ့ဒီအခါကျမှ ကွာခြားသွားတဲ့ လူနေမှုအဆင့်အတန်းကို အစ်မ တကယ်ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ..
“သူမ” …. Pros & Cons က နေရာတကာမှာရှိတာပဲ။ မတင်းတိမ်မရောင့်ရဲတတ်ရင်တော့ ဘယ်နေရာမှာပဲနေနေ၊ ဘာတွေပဲပိုင်ဆိုင် ထားထား စိတ်ကအေးချမ်းမှာမဟုတ်ဘူး။ ဒီအနေ အထားထက် မြင့်တဲ့ဘ၀ကို လိုက်ရင်းလိုက်ရင်းနဲ့၊ ကိုယ့်ရဲ့ ဆန္ဒတွေကို မသိမသာ ဖြည့်ဆည်းရင်းနဲ့ ကိုယ်ဟာ ဒီပကာသနတွေအောက်မှာ စိတ်ကို မထိန်းချုပ်နိုင်သူ ဖြစ်သွားလိမ့်မယ်။ ငါကတော့ ပြန်မယ်။ အခုဘ၀ကြီးကို ငါ့ဘ၀အစစ်အမှန်လို့ ငါသဘောမထားနိုင်ဘူး။
‘သူ’ … ကျွန်တော်လဲ သွားမယ် ..မြန်မာပြည်တော့ မဟုတ်ဘူး။ တခြားနိုင်ငံတစ်ခုကို ..
“သူမ” … No Comments
သူနဲ့လဲ ပြောပြီးသွားရော ..သူမမှာ တစ်ယောက်တည်း ယောင်ချာချာနဲ့ ကိုယ့်ကိုကိုယ် မေးခွန်းပေါင်းများစွာမေးရင်း ကျန်ခဲ့တယ် ... အခန်းကျဉ်းကလေးထဲမှာ ..ကော်ဖီတခွက်နဲ့ ..ကွန်ပြူတာရှေ့မှာ ...... အသံမြည်လာမှာကြောက်နေတဲ့ ဖုံးလေးတစ်လုံးနဲ့ပေါ့ …
by ...DecemberCinderella
Sunday, November 16, 2008
ငါတစ်ယောက်တည်းလား...???
Subscribe to:
Post Comments (Atom)
8 comments:
:(
သူမ ကိုထောက်ခံချင်တယ်
ခင်ဗျာ
ရမလား?
ကွန်မန်းကတော့ပေးလိုက်ချင်ပေမယ့် တခြားသူထိခိုက်မှာလည်းစိုးရသေးတယ်...
အင်း.. ဒီလိုပါပဲဗျာ အများဖြစ်တော့လဲ ဘာတတ်နိုင်မှာလဲ
အဆင်ပြေပါစေကွာ.. အခြေအနေကို အကောင်းဆုံးအသုံးပြူနိုင်ပါစေ...
ဆင့်ဆင့်ရေ...... တွေးစရာလေးတွေ ရသွားတယ်။
ကျွန်တော်ကတော့ .....အင်းးးးးးးးး
ဘယ်သူတွေ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်နောင်တရ မနေဘူးဆိုရင် အဲဒီဆုံးဖြတ်ချက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲဗျ။
သူငယ်ချင်း အဆင်ပြေပါစေ
တစ်သဘောတည်းပဲ သူငယ်ချင်း အတူတူပဲ၊ ထောက်ခံတယ် ...။
ခင်မင်စွာနဲ့
ကျွန်မလဲ သူမကို ထောက်ခံချင်တယ်. တကယ်လို့နေဖြစ်၇င်တောင်(၅)နှစ်လောက်ပဲနေချင်တယ် ဆိုတဲ့စိတ်လဲရှိတယ်. ကျွန်မ ဒီမှာနေရတဲ့ဘ၀ကို သဘောမကျဘူး။ ဒါပေမယ့် လောလောဆယ်တော့ တော်ရာမှာနေရတာပါပဲ ...
Post a Comment