Put the Glass down !!!
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး ‘ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ’ လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..’ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင် ဘာဖြစ်မလဲ ဆိုတာပဲ ..’
“ဘာမှမဖြစ်ဘူး” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ “တော်တော်ကြာကြာကိုင်ထားရင်ရော” လို့ ဆရာက ဆက်မေးတယ် ..
“လက်တွေညောင်းပြီး ထုံကျင်လာမယ်” လို့ ဖြေကြတယ် …
‘ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ’ လို့ ဆရာမေးတော့ ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က “မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ မင်းရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး ဆေးရုံရောက်မယ်” လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက ‘မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား’ လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
‘ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ ဘာလုပ်ရမလဲ’ လို့မေးတော့ ကျောင်းသူတစ်ယောက်က ‘Put the Glass Down; ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့’ လို့ ဖြေလိုက်ပါတယ် …
ဆရာက ‘သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။ ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့ အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့ အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..’ လို့ ဆရာက မှာလိုက်ပါတယ် ..
It's important to think of the challenges or problems in your life, but EVEN MORE IMPORTANT is to 'PUT THEM DOWN' at the end of every day before you go to sleep. That way, you are not stressed, you wake up every day fresh &strong &
can handle any issue, any challenge that comes your way!
by ...DecemberCinderella
Saturday, November 1, 2008
လုပ်ငန်းခွင်ကနေ ..အိမ်ပြန်ကြတဲ့အခါ …
Subscribe to:
Post Comments (Atom)
13 comments:
တန်ဖိုးရှိတဲ့စာလေးပါဗျာ။ ကောင်းပါတယ်။ နောက်တစ်မျိုးလည်း ပြောင်းတွေးလို့ရတယ်ဗျ။ ဖန်ခွက်ကိုကိုင်ထားမယ့်အစား တစ်ခုခုထည့်ပြီး သောက်လိုက်ရင်ကော။ သောက်တဲ့သူအတွက် အဟာရတစ်ခုတော့ရသွားမှာပေါ့။ ဟုတ်တယ်မလား။
ဘယ်များရောက်နေတာလဲ...ဘိုဘိုကတော့ပြောတယ်
စလုံးမှာဆို..တို့လာတုန်းကတောင် ဖုန်းနံပါတ်ပေးလိုက်
လို့ဆက်သေးတယ်..မရဘူး...ကြေးကြေးဘွဲ့ယူတာ
လာတာလေ..ဒီလိုတွေရေးနေမှန်းသိပါဘူး..ခုသိပြီဆို
တော့...
ဟကောင်းတယ်ဗျာ...
သဘောကျပါတယ်။
ပစ္စည်းတစ်ခုကိုအကြာကြီးကိုင်ထားရင်ဘာလိုလေးလာတယ်ဆိုတာ
စဉ်းစားဖူးပေမယ့် အဲလိုအဆုံးသတ် ရလဒ်မျိုးမရဖူးဘူး
ကျေးဇူးပဲဗျို့
တကယ့်ကိုလက်တွေ့ဆန်ပါပေတယ်...တန်ဖိုးလည်းရှိပါတယ်..။အားပေးလျက်...။
Oh! so good story. we need to put down all stresses at the end of day.
right! :)
ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။
ဆရာ့စကားက မှန်လိုက်တာ--
ကျေးဇူးတင်ပါတယ်--စင်ဒရဲလားရေ---
ဝေငှပေးတဲ့အတွက်--
တန်ဘိုးရှိပါတယ်---
မှန်လိုက်လေ... ကောင်းလိုက်တဲ့ အတွေးလေးဗျာ။
Idea တခုရသွားတယ်။
တန်ဖိုးရှိတဲ့ အတွေးအခေါ်လေးပါပဲဗျာ
လက်တွေ့လည်း ကျပါပေတယ် ..
ကျေးဇူးပါခင်ဗျ
I've been feeling the same way. Now I comprehend that I must "Put it down". I'll try to "Put it down". Thanks for that post, my dear 6...
မှန်လိုက်လေဗျာ
သိပ်ကောင်းတဲ့ အိုင်ဒီယာနဲ့
သိပ်ကို တန်ဖိုးရှိတဲ့ အတွေးအခေါ်လေး ဥပမာလေးပါပဲ
ဦးနှောက်လည်း ဖျတ်ကနဲ “ပွင့်” သွားတယ်
အခုလို ဝေမျှ တင်ပြပေးတာ အထူးပဲ ကျေးဇူးတင်ပါရဲ့ဗျာ ...။
ခင်မင်လေးစားစွာဖြင့်
ဟုတ်သဗျ
PUT THEM DOWN!!
PUT THEM DOWN!!
PUT THEM DOWN!!
မှားတယ်မှန်တယ်တော့မပြောဘူးအမ ကျနော်အမြင်လေးပြောတာပါ ဆရာပြောခဲ့တဲ့စကား
"မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး"
အဲဒါကိုကျနော်မြင်တာပြောမယ်နော် အမ
ပြသနာကိုခေါင်းထဲမှာခဏလောက်ထည့်ထားတာ ဘာမှမဖြစ်ဘူးဆိုတာကိုပါ ကျနော်ကတော့အဲဒါကိုပြသနာ အသေးအကြီးပေါ်မှာမူတည်တယ်လို့မြင်တယ် ဆိုကြပါစို့ဗျာ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်
ချစ်ကြကြိုက်ကြတယ် ကောင်မလေးက အခြားကောင်လေးတစ်ယောက်နဲ့တွဲတာကို ကောင်လေးကချက်ချင်းမြင်လိုက်ရင် အဲဒါပြသနာဟာ ချက်ချင်းပဲ နာကျင်သလား ပြင်းထန်တဲ့ဝေဒနာ ကိုခက်ချင်းပဲ ရနိုင်သလား အချိန်အကြာကြီးထားမှရနိုင်သလား အဲလိုအချိန်မျိုးမှာ ခဏလောက်ခေါင်းထဲထားရင်ဆိုတဲ့စကားကတစ်မျိုး
အဓိပ္ပါယ်ထွက်နေတယ် ကျနော့်အမြင်မှား မှားတယ်ဆိုရင်လည်းပြင်ပေးပါနော် အမ
ကောင်းမွန်တဲ့ပို့စ်ပါပဲခင်ဗျာ
ခင်မင်လျက်
သီဟညိမ်း
တန်ဖိုးရှိတဲ့ စာလေးပါဗျာ... ဒီစာလေးဖတ်လိုက်မှ ကျနော်လည်း အလင်းကို မြင်တော့တယ်... ဆက်လက်ကြိုးစားနိုင်ပါစေဗျာ...
Post a Comment