
လတ်တလောရင်မှာ
ရှိနေတာတွေကို ချရေးပါမယ်
နည်းနည်းလေးတော့ သည်းခံပေး
အတွေးတွေ သိပ်များနေပြီဆိုရင်ပေါ့ ...
မနက်မနက် Pick-up Point မှာ
မြင်နေကျ ဗမာကောင်ကလေး
မျက်စိရှေ့ကနေ ပျောက်သွားတဲ့ အကြောင်း
မတွေးပဲ ခေါင်းထဲရောက်လာတိုင်း
ရင်မှာ တမျိုးဖြစ်သွားတယ် ...
နေ့ခင်း ထမင်းစားချိန်တွေမှာ
ဟားတိုက်ရယ်မောနေကျ
ဟိုတုံးက ထမင်းစားဝိုင်းလေး
ပြန်တွေးမိတော့ အရင်နေရာကို
ဘာမှမပြည့်စုံလဲ ပြန်လိုချင်တယ် ...
ညနေဘက် အိမ်ပြန်ချိန်တွေ
မြင်နေကျ ရှုခင်းတွေက
ရင်ကိုထိအောင် မဆွဲဆောင်နိုင်တော့
မပိုင်ဆိုင်ချင်တဲ့ နေ့စွဲတွေထဲ
လွဲမှားမှုတွေများလာတယ် ....
လတစ်စင်း ပျောက်ဆုံးသွားတဲ့ညချမ်းမှာ
မပင်ပန်းတဲ့ ခန္ဓာကိုယ်က
သက်ပြင်းတွေ အကြိမ်ကြိမ်ချလို့
ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာတောင်
တခါတလေ အဖြေရှာဖို့ ခက်နေတယ် ...
Friday, November 21, 2008
လွမ်းတတ်သူ တမ်းချင်း
Subscribe to:
Post Comments (Atom)
1 comment:
လတစ်စင်း ပျောက်ဆုံးသွားတဲ့ညချမ်းမှာ
မပင်ပန်းတဲ့ ခန္ဓာကိုယ်က
သက်ပြင်းတွေ အကြိမ်ကြိမ်ချလို့
ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာတောင်
တခါတလေ အဖြေရှာဖို့ ခက်နေတယ် ...
တခါတလေတော့လည်းဘ၀ဆိုတာ
တော်တော်ပင်ပမ်းစိတ်ပျက်စရာပါ
လားလို့တွေးမိတတ်ပါတယ်..
အဖြေရှာဖို့ခက်သော်လည်း... .ဝေဒနာတွေမဖက်ရအောင်..အားတင်းထားပါ..
ခင်မင်လျက်
နွေသူရ
Post a Comment