Thursday, November 13, 2008

ဘယ်ရှုထောင့်ကကြည့်မှာလဲ ???

ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ် ..

တနေ့မှာ မျက်မမြင်တစ်ယောက်က အဆောက်အဦးတစ်ခုရဲ့ လှေကားမှာထိုင်ပြီး သူ့ဦးထုပ်လေးကို ရှေ့မှာချထားပြီး ပိုက်ဆံတောင်း နေရှာသတဲ့ .. သူ့ဘေးမှာလဲ “ကျွန်တော် မျက်မမြင် တစ်ယောက်ပါ ..ကျေးဇူးပြုပြီး ကူညီပါ” ဆိုတဲ့ ဆိုင်းဘုတ်လေးတစ်ခု ထောင်ထားတယ် ..

ဦးထုပ်လေးထဲမှာတော့ အကြွေစေ့အနည်းငယ်ပဲ ရှိပါသေးတယ် .. အဲ့ဒီအချိန်မှာ ဖြတ်သွားတဲ့ လူတစ်ယောက်က သူ့အိပ်ကပ်ထဲက အကြွေစေ့ အနည်းငယ်ထုတ်ပြီး ဦးထုပ်လေးထဲ ထည့်လိုက်တယ် .. ပြီးတော့ ဆိုင်းဘုတ်ရဲ့ တခြားတဘက်မှာ စာရေးပြီး ပြောင်းပြန် ပြန်ထားခဲ့တယ် .. အဲ့ဒီနောက်ပိုင်း ဦးထုပ်လေးထဲမှာ တဖြည်းဖြည်းနဲ့ အကြွေစေ့တွေ များလာတယ် .. နေ့ခင်းပိုင်းရောက်တော့ မနက်က ဆိုင်းဘုတ်ကို ပြင်ရေးခဲ့တဲ့သူက အခြေအနေဘယ်လိုရှိလဲလို့ လာကြည့်တယ် ..သူ့ခြေသံကို မှတ်မိနေတဲ့ မျက်မမြင်က “မနက်က ဆိုင်းဘုတ်ပြင်ရေးသွားတဲ့သူ မဟုတ်လား ..ဘာများပြင်ရေးသွားတာလဲ ..သိပါရစေ ခင်ဗျာ” လို့ မေးတော့ ….အဲ့ဒီလူ ပြင်ရေးခဲ့တဲ့ စာတန်းလေးက ….

“သာယာလှပတဲ့ နေ့လေးတနေ့ပါ ခင်ဗျာ ..ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒါကို မမြင်နိုင်ပါဘူး”
ကဲ …ပထမစာတန်းနဲ့ ဒုတိယ ..ကောင်လေးရဲ့ မျက်စိမမြင်ရတာကို ပြောတာခြင်းတော့ အတူတူပဲ မဟုတ်လား ......ဘာများကွာခြား သွားလို့လဲ …

ပထမစာတန်းက မျက်စိမမြင်ရတာကို မမြင်ဘူး ရိုးရိုးပဲ ပြောလိုက်တယ်… နောက်စာတန်းကတော့ မျက်စိမြင်ခွင့်ရသူတွေရဲ့ ကံကောင်းမှုကိုပါ ထပ်ပြောပြထားတာပေါ့ ….

ဒီပုံပြင်လေးရဲ့ဆိုလိုရင်းကတော့ လူတွေကို ကိုယ့်မှာလက်ရှိပိုင်ဆိုင်ခွင့်ရနေတဲ့ အခြေအနေကို ကျေးဇူးတင်တတ်ဖို့ပါပဲ ..
Moral of the Story: Be thankful for what you have. Be creative. Be innovative. Think differently and positively.

တခြားသူတွေ ပြုံးပျော်နေတာကို မြင်ရတာ ကြည်နူးစရာပါ .....ဒီ့ထက် ပိုပြီး ကြည်နူးဖို့ကောင်းတာက သူတို့ အဲ့ဒီလို ပြုံးပျော်နေခြင်း အကြောင်းရင်းက ကိုယ့်ကြောင့်ဖြစ်နေခဲ့လို့ပါ ....
The most beautiful thing is to see a person smiling… And even more the beautiful is, knowing that you are the reason behind it!!!

Ref: 1 of the incoming mails from 1 of my beloved friends

7 comments:

Anonymous said...

တယ်ကောင်း

Anonymous said...

အတော်ကောင်းတဲ့ပို့စ်ပါပဲ။ စိတ်တံခါးကို ပွင့်သွားစေလောက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Anonymous said...

ကောင်းတဲ့ရှုထောင့်က ကြည့်တတ်၇င်တော့ အားလုံးကောင်းပါတယ်...။အဲဒိလိုကြည့်တတ်ဘို့ ယောနိ သောမနသီကာရ ဘုရားဟောခဲ့တာပါ...။

Anonymous said...

ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

တော်တော်ပညာသားပါတယ်ဗျာ..
အဲဒီလိုမြင်တတ်ဖို့တော်တော်ကြိုးစားရမယ်..

ကျေးဇူးပါဗျာ...
အားပေးလျက်

နွေသူရ

Anonymous said...

စင်ဒရဲလားရေ--
“သာယာလှပတဲ့ နေ့လေးတနေ့ပါ ခင်ဗျာ ..ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒါကို မမြင်နိုင်ပါဘူး”

စာတမ်းလေးရယ်--မျက်မမြင်ပိုစ့်လေးရယ်ကို
ဖတ်ပြီး-ရင်ထဲဆို့နင့်သွားပါတယ်--

Anonymous said...

The most beautiful thing is to see a person smiling… And even more the beautiful is, knowing that you are the reason behind it!!! ဒီစာလေး ကြိုက်လို.ကူးသွားပြီ

 
ပြန်လည် ဆုံဆည်းကြပါစို့ ...

ဒီဇိုင်း ချစ်သူပုံရိပ် |

/* EOT ----------------------------------------- */